အလယ်မော်ဖောင်းတွင် လက်နက်ကြီးထိမှန်သည့်အမျိုးသား အသက်အန္တရာယ်စိုးရိမ်ရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အလယ်မော်ဖောင်း ရပ်ကွက်၅ရှိ နေအိမ်တစ်အိမ်အားဧပြီလ ၁၇ရက်နေ့ နံနက် ၈နာရီ ၁၀မိနစ်အချိန်တွင် လက်နက်ကြီးကျခဲ့ရာမှ အသက်၅၀ကျော် အမျိုးသားတစ်ဦး၏ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု သိရသည်။

အလယ်မော်ဖောင်းတွင် လက်နက်ကြီးထိမှန်သည့်အမျိုးသား အသက်အန္တရာယ်စိုးရိမ်ရ

 

ထိခိုက်ဒဏ်ရာရရှိသူကို အသက်အန္တရာယ်စိုးရိမ်ရသောကြောင့် လူနာတင်ယာဉ်ဖြင့် ဆေးရုံကြီးသို့ ခေါ်ဆောင်သွားပြီးဖြစ်သည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
“လူနာတင်ယာဉ်နဲ့လာခေါ်သွားတာ ဆေးရုံကြီးခေါ်သွားမယ်လို့ပြောတယ် ရွာက လူလည်းပါသွားတယ် အသက်အန္တရာယ်စိုးရိမ်ရတယ်” လို့သူကပြောသည်။
ယင်းအမျိုးသားသည် မီးဖိုချောင်နားတွင်‌ရေနွေးကြမ်း သောက်ရင်းထိုင်နေရာမှ လက်နက်ကြီးကျသဖြင့် တင်ပါးနှင့် ကျောကုန်းတွင် နှစ်ချက်ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။
ယင်းနေအိမ်တွင် ကျခဲ့သည့် လက်နက်ကြီးအစအနများကိုမူ ရဲများရောက်ရှိလာ၍ သိမ်းဆည်းသွားကြောင်းလည်းပြောသည်။

လက်နက်ကျ၍ထိမှန်ခဲ့သည့် အမျိုးသားသည် မိသားစု၄ယောက်ရှိ၍ ဇနီးနှင့်မြေး၂ယောက်ဖြင့်အတူနေထိုင်‌သည်။

သင့်ထင်မြင်ချက်ရေးပေးပါ