ဝါရှောင်ကျေးရွာအနီး တိုက်ပွဲဖြစ်

ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သိရသည်။

ဝါရှောင်ကျေးရွာအနီး တိုက်ပွဲဖြစ်

 

ယနေ့နံနက်ပိုင်းက ဝါးရှောင်ကျေးရွာအနီးရှိ ဘွမ်တောင်တွင် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး မိုင်းကွဲသံများ တစ်ချက်တစ်ချက်ကြားနေရသည်ဟု ဝါရှောင်ရွာခံတစ်ဦးက ပြောသည်။
“ဒီမနက်က ဘွမ်တောင်နားမှာ ပစ်ကြတာ၊ မိုင်းသံတော့ တစ်ချက်တစ်ချက်ကြားရတယ်၊ အခုတော့ စုပေါင်းဂိတ်ကနေ လက်နက်ကြီး ပစ်ကူနေတယ်” ဟုပြောသည်။

ဝါရှောင်ကျေးရွာသည် ဝိုင်းမော်-ကန်ပိုင်တီ အဝေးပြေးလမ်းမပေါ်တွင် တည်ရှိပြီး စုပေါင်းဂိတ်သည် ကန်ပိုင်တီနှင့် ချီဖွေသွားသည့်လမ်းဆုံရှိ ဂိတ်တစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ