စီတာပူရပ်ကွက်ရှိ အင်္ဂလိပ်စာသင်သော စင်တာတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့များ လာရောက်စစ်‌ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ACME (English Language Center) တွင် ယနေ့မနက် (၈)နာရီဝန်းကျင်က လာရောက်စစ်ဆေးသွားသည်ဟု သိရသည်။

ဖားကန့်မြို့နယ်၊ တာမခန်မြို့သစ်ပြည်သူများမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်​​ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုထောက်ခံကြိုဆိုကြောင်းစာသားကိုင်​ဆောင်ပြီး ဆန္ဒပြ။

မြစ်ကြီးနား OVI ဖုန်းဆိုင်မှ လူငယ်သုံးဦး အဖမ်းခံရ

မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ရှိ OVI ဖုန်းအရောင်းဆိုင်မှ လူငယ် ၃ ဦးကို ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသိရသည်။ OVI ဖုန်းရောင်းဝယ်ရေးဆိုင်မှ လူငယ် ယောကျာ်းလေး ၃...

မိုးမောက်မြို့နယ် စီဟတ်ကျေးရွာရှိ နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ တပ်စွဲထား

ကချင်ပြည်နယ် မိုးမောက်မြို့နယ် စီဟတ်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များက လွန်ခဲ့သည့် ၁၉ ရက်နေ့မှစတင်ကာ ရွာအတွင်း ရှိ အများပြည်သူ၏ နေအိမ်များတွင် ဝင်ရောက် တပ်စွဲထားသည်ဟု သိရသည်။

ရမ်ပူရပ်ကွက်တွင် ကျောင်းသားကို ဖမ်းမမိသဖြင့် အမေကိုဖမ်း

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် သားဖြစ်သူကို ဖမ်းမမိသဖြင့် အမေဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည့်ဖြစ်ရပ် ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ဖားကန့်ဝှေခါမှော်ရှိ စစ်ကောင်စီစခန်းကို ကေအိုင်အေတိုက်ခိုက် သိမ်းပိုက်

ကချင်ပြည်နယ် ဖားကန့်ဒေသ ဝှေခါမှော်(ဟွေလုန်) တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ တပ်ရင်း ၂၆ က ဧပြီ ၂၀ ရက်မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်။