ရမ်ပူရပ်ကွက်တွင် ကျောင်းသားကို ဖမ်းမမိသဖြင့် အမေကိုဖမ်း

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် သားဖြစ်သူကို ဖမ်းမမိသဖြင့် အမေဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားသည့်ဖြစ်ရပ် ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၁၉ နှစ်အရွယ် သားဖြစ်သူကို လာရောက်ဖမ်းဆီးခဲ့သော်လည်း ဖမ်းမမိသဖြင့် အသက် ၅၀ ဝန်းကျင်ရှိ အမေဖြစ်သူကို ယနေ့နံနက် ၈ နာရီခွဲခန့်တွင် ခေါ်ဆောင်သွားသည်ဟု ဆွေမျိုးတစ်ဦးက The 74 Media ကိုပြောသည်။
“သားကိုလာဖမ်းတာဟုတ်တယ်၊ သားကိုမတွေ့တော့ အမေကို ခေါ်သွားတာ၊ ဖမ်းသွားတာပေါ့” ဟု ပြောသည်။

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဧပြီလ တတိယပတ်မှစတင်ကာ မကြာခဏဖြစ်ပွားလာသည်။

သင့်ထင်မြင်ချက်ရေးပေးပါ