မြစ်ကြီးနား OVI ဖုန်းဆိုင်မှ လူငယ်သုံးဦး အဖမ်းခံရ

မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ရှိ OVI ဖုန်းအရောင်းဆိုင်မှ လူငယ် ၃ ဦးကို ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသိရသည်။

OVI ဖုန်းရောင်းဝယ်ရေးဆိုင်မှ လူငယ် ယောကျာ်းလေး ၃ ဦးကို အရပ်ဝတ်များနှင့် ရဲဝတ်စုံဝတ်ထားသည့် လူတစ်စုက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က တစ်ယောက်ယောက်ကိုလာရှာတာလို့တော့ပြောတယ်။ ဒါပေမယ့် ဆိုင်က ယောကျာ်းလေး ၃ ယောက်ကိုဖမ်းသွားတာ၊ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး ” ဟုပြောသည်။
ဖမ်းဆီးခံရသူများကို ယခုအချိန်တွင် အမှတ် ၁ ရဲစခန်းတွင် ချုပ်နှောင်ထားသည်ဟု သိရသည်။

Photo credit – OVI Mobile Sales & Service Facebook Page

သင့်ထင်မြင်ချက်ရေးပေးပါ