စီတာပူရပ်ကွက်ရှိ အင်္ဂလိပ်စာသင်သော စင်တာတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့များ လာရောက်စစ်‌ဆေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ACME (English Language Center) တွင် ယနေ့မနက် (၈)နာရီဝန်းကျင်က လာရောက်စစ်ဆေးသွားသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်များဖြင့် ရောက်ရှိလာကာ ဖမ်းဆီးခံရသူမရှိကြောင်း မျက်မြင်တစ်ဦးမှ The 74 Media ကိုပြောသည်။
“အိမ်စီးကား ၇ စီး၊ ရဲကား ၁ စီး၊ အရပ်ဝတ်နဲ့လူ ၃၀ ယောက်လောက် သေနတ်တကားကားနဲ့ လာရှာသွားတယ်။ အဲ့မှာနေတဲ့ဆရာတွေကိုလာရှာတာထင်တယ်။ ဘယ်သူမှတော့မရှိဘူး။ ခြံတံခါးသော့ခတ်ထားလို့ ဘေးအိမ်ကနေဝင်ရှာသွားတာ။ လူပါသွားတာတော့ မရှိဘူး”ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ လက်ထိပ်ခတ်ခံထားရ‌သော ၁၈နှစ်အရွယ်ကောင်လေးတစ်ဦးတို့ အတူရောက်ရှိလာပြီး ထိုကောင်လေးမှ ခေါ်လာခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ကြောင်းသူကပြောသည်။

ACME (English Language Center) သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ‌ခေတ္တပိတ်ထားသည်ဖြစ်ရာ သင်တန်းဆရာများနေထိုင်သည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ