News

စစ်ကိုင်းတိုင်းတွင် တိုက်ပွဲပြင်းထန်သဖြင့် မြစ်ကြီးနား-မန္တလေး လမ်းအားလုံးပိတ်ပြီ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ နေရာအချို့တွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် မြစ်ကြီးနား -ဗန်းမော် – မန္တလေးသို့သွားလာသည့် ကားလမ်းပိုင်းများအားလုံးပိတ်ထားကြောင်း သိရသည်။

မြစ်ကြီးနားတွင် တစ်ပါတ်အတွင်း ယာဉ်တိုက်မှု ၁၁ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး နှစ်ဦးသေ

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် တစ်ပါတ်အတွင်း ယာဉ်တိုက်မှု ၁၁ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိသူတစ်ဦးနှင့် သေဆုံးသူနှစ်ဦးရှိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့က ယနေ့ နံနက် ၇ နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပြန်ဖွင့်သော်လည်း စစ်ကောင်စီတပ်က အစစ်အဆေးတင်းကြပ်နေ

မြစ်ကြီးနား – ဖားကန့်လမ်းကို လေးရက်ကြာပိတ်ထားခဲ့ပြီးနောက် ယနေ့ နံနက် (၈) နာရီခန့်က ပြန်ဖွင့်ခဲ့သော်လည်း လမ်းတွင် စစ်ကောင်စီတပ်များက တင်းကြပ်စွာစစ်ဆေးနေကြောင်း သိရသည်။

မံစီမြို့နယ်ရှိ စစ်ကောင်စီစခန်းနှစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်၊ သုံ့ပန်းများ ဖမ်းမိထား

ကချင်လွတ်မြောက်ရေးတပ် (KIA)က မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယနေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖမ်းခေါ်သွားသည့် ဒီပဲယင်းဒေသခံများ၏ ရုပ်အလောင်းများပြန်တွေ့၊ အမျိုးသမီးကို မီးရှို့သတ်ဖြတ်ထား

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာမှ ဒေသခံလေးဦးတို့၏ ရုပ်အလောင်းများကို ယနေ့နံနက်က ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် KBC ဆရာမနှစ်ဦး၏အမှု ကိုးနှစ်ကြာသည်အထိ အမှုမှန်မပေါ်သေး၊ အမှုမှန်ပေါ်ပေါက်ရန် မိသားစုဝင်များလိုလား

အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့် KBC စေတနာ့ဝန်ထမ်းဆရာမနှစ်ဦး၏အမှုသည် ကိုးနှစ်တာကာလသို့ရောက်ရှိလာပြီဖြစ်သော်လည်း အမှုမှန်ပေါ်ပေါက်ရန် မိသားစုဝင်များလိုလားနေဆဲဖြစ်ကြောင်းသိရသည်။

တိုက်ပွဲပြင်းထန်နေသည့်မိုးမိတ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ယောက်ျားလေးတစ်ဦး သေဆုံးပြီး ကလေးခြောက်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက္ခုပ်တန်းရပ်ကွက်မှ ယောက်ျားလေးတစ်ဦးသေဆုံးပြီး ကလေးခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား ဂေါက်ကွင်းရှေ့တွင် ယာဉ်တိုက်မှုကြောင့်အမျိုးသားတစ်ဦး သေဆုံး

အမျိုးသားတစ်ဦး လမ်းလယ်ပလက်ဖောင်းမှဓာတ်မီးတိုင်ကိုဝင်တိုက်ခဲ့သောကြောင့်သေဆုံးသွားသည့်ဖြစ်စဉ် မြစ်ကြီးနားမြို့တွင် ယမန်နေ့ည ၁၀ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်းသိရသည်။

KIA တွေ့လျင် ဒရုန်းဖြင့်ဗုံးကြဲမည်ဟုခြိမ်းခြောက်သဖြင့် အင်ဂျန်းယန်ဒေသခံများအခက်တွေ့

စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်သောကြောင့် အင်ဂျန်းယန်မြို့နယ်မှ ဒေသခံပြည်သူများ ဆေးကုသမှုခံယူရန် အခက်အခဲကြုံနေရကြောင်း သိရသည်။

ဖားကန့်မြို့တွင် အုပ်ချုပ်ရေးမှူးတစ်ဦးပျောက်ဆုံးနေ

ဖားကန့်မြို့၊ မက်လင်ဂျောင်ကျေးရွာမှ ရာအိမ်မှူး နေအိမ်မှထွက်သွားပြီးနောက် သုံးရက်ခန့်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

နမ့်ဖတ်ကာတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ၊ လေယာဉ်ပစ်ချခံရပြီးနောက်ပိုင်း လေကြောင်းပစ်ကူမလာတော့ဟုဆို

စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ပစ်ချခံခဲ့ရသည့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းဒေသခံများထံမှသိရသည်။