စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးခဲ့သည့် ဆားမှော်ဒေသခံအားလုံး ပြန်လွတ်ပြီ
မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာ အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူများ ယမန်နေ့ နံနက် ၇ နာရီခန့်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။