The 74 Media

ကာကွယ်ရေးတပ်ဖွဲ့များကို သတင်းပေးသည်ဟု စွပ်စွဲကာ မင်းကင်းဒေသခံသုံးဦးကို ဖမ်းဆီး

စစ်ကောင်စီတပ်က အတွင်းသတင်းပေါက်ကြားသည်ဟုဆိုကာ ယနေ့နံနက် ၉ နာရီခန့်က မင်းကင်းမြို့နယ်၊ ကြာပင်ရွာမှ ဒေသခံပြည်သူ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က အသက် ၅၀ ကျော် အမျိုးသမီးကို စနိုက်ပါဖြင့် ပစ်သတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာ(ခ)ပန်းလှိုင်ရွာတွင် ယမန်နေ့ နေ့လယ် ၁၂နာရီက စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် သုံးဦးသေဆုံး၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ

ကရင်နီပြည်နယ် ဒီး‌မော့ဆိုမြို့နယ် တနီးလာလဲကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအပါအဝင် သုံးဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ဒေသခံနှစ်ဦးကိုသတ်ဖြတ်၊ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အချို့သေ

စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာချိန် ရွာတွင်ပိတ်မိနေသည့် မြောင်ဒေသခံနှစ်ဦး ယမန်နေ့က သတ်ဖြတ်ခံရကြောင်း ဒေသခံများထံက သိရသည်။

မြစ်ကြီးနားတွင် မူးယစ်ဆေးလွန်ကာ သေဆုံးနေသည်ဟုယူဆရသည့် အမျိုးသားတစ်ဦး၏ အလောင်းတွေ့

မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်တွင် ယနေ့ နံနက် ခုနှစ်နာရီခွဲခန့်က အမျိုးသားတစ်ဦး အိပ်ရာပေါ်တွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်း သိရသည်။

ဖားကန့်တွင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဖမ်းဆီးခံရ

ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုတွင် နေထိုင်သည့် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ယမန်နေ့ညနေ ၄ နာရီခွဲခန့်က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

သတ္တုသယ်ရန် နှစ်ပေါင်း ၁၀၀ ကျော်အသုံးပြုခဲ့သည့် ဘော်တွင်းရထားလမ်း ဖျက်သိမ်း

နမ္မတူမြို့နယ်ရှိ ဘော်တွင်းသတ္တုတူးဖော်ရေးစီမံကိန်းအတွက် သတ္တုသယ်ဆောင်ရန် နှစ်ပေါင်း ၁၀၀ ကျော်ခန့်အသုံးပြုခဲ့သော မီးရထားလမ်းကို ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

စစ်ကောင်စီဖမ်းဆီးထားသည့် KBC ၏ ဆမားဇုံနယ်အထွေထွေအတွင်းရေးမှူး ပြန်လွတ်လာ

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ဆမားဇုံနယ် အထွေထွေအတွင်းရေးမှူး ယနေ့  ညနေ ၄ နာရီခွဲခန့်က ပြန်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးဟုဆို၊ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီတပ်မတော်(KA)တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အင်းတော်နှင့်ထီးချိုင့်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်နှင့် ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့အကြား ယနေ့ နံနက်ပိုင်းက တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟိုပင်တွင် ဆန်စက်ဂိုထောင်ဟောင်းတစ်လုံး မီးလောင်ပျက်စီး

ဟိုပင်မြို့ မြသီတာရပ်ကွက်တွင် ယနေ့ ညနေသုံးနာရီခွဲခန့်က ဆန်စက်ဂိုထောင်ရုံအဆောက်အဦးဟောင်းတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။