မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် ယမန်နေ့ည ၇ နာရီခန့်က နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ဒူဝါဇော်ရစ်လမ်း ဒေသအခေါ် ဂျပန်လမ်းရှိ နေအိမ်တစ်အိမ်တွင် အမှိုက်မီးရှို့ရာမှ နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီး အခြားတစ်အိမ်သို့ကူးစက်လောင်ကျွမ်းခဲ့သည်ဟု လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အမှိုက်မီးရှို့ထားတာ သွပ်မိုး၊ ထရံကာ မြေစိုက်အိမ်ကနေ စလောင်တာ၊ အိမ်ရှင်တွေက အိမ်အနောက်မှာ အမှိုက်မီးရှို့ပြီး အပြင်သွားလိုက်တာ။ အိမ်ကိုမီးကူးတာ ဝိုင်းကူပြီးငြိမ်းတာလည်း မရတော့၊ ဘေးအိမ်လည်း မီးလောင်သွားတာ။ စလောင်တဲ့အိမ်တော့ ပြာကျသွားတယ်” ဟုသူကပြောသည်။

အဆိုပါမီးလောင်မှုကို မီးသတ်ကား ဆယ်စီးခန့်ဖြင့် နာရီဝက်ခန့်ကြာ မီးငြိမ်းသတ်ခဲ့ရပြီးကြောင်း စီတာပူရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

“ခြံဝင်းနှစ်ဝင်းကတော့ လောင်သွားတာ တခြားအိမ် အသေးအဖွဲ့ကတော့ မသိဘူး။ လောင်နေတဲ့အချိန် မီးသတ်ကားလည်း တော်တော်လာသွားတယ်။ အကုန်ပြုံလာတာဆိုတော့ မီးကိုတော်တော်ငြိမ်းနိုင်သွားတယ်ဗျ။ ပြန်သွားတာနဲ့ လာသွားတာနဲ့ ခုနှစ်စီး၊ ကိုးစီးလောက်ရှိတယ်” ဟုသူကပြောသည်။

မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်တွင်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း နေအိမ်နှစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ