မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်တွင် ယနေ့ နံနက် ခုနှစ်နာရီခွဲခန့်က အမျိုးသားတစ်ဦး အိပ်ရာပေါ်တွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေကြောင်း သိရသည်။

အသက် (၂၀) ကျော်အရွယ် သေဆုံးနေသည့် အမျိုးသားသည် မူးယစ်ဆေးဝါးသုံးစွဲလွန်ကာ သေဆုံးခြင်းဖြစ်နိုင်ပြီး ရုပ်အလောင်းကို မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ရောက်တော့ မှောက်ပြီးခန္ဓာကိုယ်ကတောင့်နေပြီ။ ကွေးလို့တောင်မရတော့ဘူး။ သေသွားတာက ၁၁ နာရီ(ညပိုင်း)လောက်မှာ ဖြစ်နိုင်တယ်။ အိမ်ရာဘေးက အတန်းမှာလည်း ဆေးထိုးအပ်တွေ့ရတယ်၊ ဆေးလွန်သွားတာဖြစ်နိုင်တယ်” ဟုပြောသည်။

သေဆုံးသွားသည့် အမျိုးသားသည်ရွှေညောင်ပင်ရပ်ကွက်တွင် အိမ်ငှားရမ်းကာနေထိုင်သူဖြစ်ပြီး အဆိုပါနေအိမ်တွင်နေထိုင်သည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း သူကပြောသည်။

အဆိုပါအမျိုးသားမှာ ပညာသင်ကြားရန် လာရောက်နေထိုင်သည်ဟုဆိုသော်လည်း မည်သည့်ကျောင်းတွင် ပညာသင်ကြားနေသည်ကို မသိရှိရသေးပါ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလက မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် အမျိုးသားတစ်ဦး မူးယစ်ဆေးဝါးသုံးစွဲလါန်ပြီး သေဆုံးနေသည့် ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ