The 74 Media

ဒီးမော့ဆိုမြို့နယ်အတွင်း နှစ်ရက်တာဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးဟုဆို

ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြင်းထန်စွာဖြစ်ပွားခဲ့သော နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

မြစ်ကြီးနားတွင် လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုက အမျိုးသားငါးဦးကို ရိုက်နှက်ဖမ်းဆီး

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် ယမန်နေ့ ညနေ လေးနာရီခန့်က နေအိမ်တစ်အိမ်မှ အမျိုးသားငါးဦးကို လက်နက်ကိုင်ဆောင်ထားသည့် အရပ်ဝတ်နှင့်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မံဝိန်းကျေးရွာကို ယမန်နေ့ မွန်းတည့် ၁၂နာရီခန့်က စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အခြားကျေးရွာများဖြစ်သည့် စီမူကြီးနှင့် စီမူလေးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မံစီတိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ်နှင့် မံစီမြို့နယ်တံင် ယမန်နေ့ကဖြစ်ပွားခဲ့သော ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် နွားအကောင်ရေ ၅၀ ထက်မနည်း နှာခေါင်းမှသွေးထွက်ပြီး သေဆုံး

ဝိုင်းမော်မြို့နယ်တွင် မတ်လဒုတိယပတ်မှစတင်ကာ နွားအကောင်ရေ ၅၀ ထက်မနည်း နှာခေါင်းမှသွေးထက်ပြီးသေဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

ထီးချိုင့်တွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ်မီးရှို့၊ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် အမျိုးသမီးတစ်ဦးသေဆုံး

စစ်ကောင်စီတပ်က ယမန်နေ့နံနက် ကိုးနာရီခန့်က ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က တပ်စွဲထားသောကြောင့် ပူတာအိုဒေသခံအချို့ တိမ်းရှောင်၊ ဒေသခံများ ကတုတ်ကျင်းတူးထားဟုဆို

စစ်ကောင်စီစစ်ကြောင်းက ပူတာအိုမြို့နယ်၊ ဖတ်မာကျေးရွာအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေသော‌ကြောင့် ဒေသခံလူငယ်နှင့် ကလေးမိခင်အချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

အင်းတော်ကြီးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် သုံးဦးသေဆုံးဟုဆို

ကချင်လွတ်မြောက်ရေးတပ် KIA ပူပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် အင်းတော်ကြီးဒေသ နန့်မွန်းတောင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အရပ်သားနှင့်တော်လှန်ရေးတပ်ဖွဲ့ဝင် ထိခိုက်ကျဆုံးမှုရှိဟုဆို

စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နှင့် ဗန်းမောက်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြသည့် ဗန်းမောက်မြို့နယ်အနောက်ပိုင်းတွင် အရပ်သားနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိကြောင်းသိရသည်။

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ရေမြောင်းများပိတ်ဆို့ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်နေ

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ရေမြောင်းများပိတ်ဆို့နေသဖြင့် မိုးရွာသွန်းချိန် ဖားကန့်မြို့ မှော်စီစာကျေးရွာရှိ လမ်းမများပေါ် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ကို ဆက်လက်တော်လှန်တိုက်ခိုက်နိုင်ရန် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ လက်နက်အကူအညီလိုအပ်နေ

စစ်ကောင်စီတပ်ကိုဆက်လက်တော်လှန်တိုက်ခိုက်နိုင်ရန် ဒီပဲယင်းမြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အတွက် လက်နက်ခဲယမ်းအကူအညီများလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်သဖြင့် ထန်တလန်တွင် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံး

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က‌ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ထန်တလန်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီခန့်က ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။