Kachin State

မြစ်ကြီးနားတွင် ကားတစ်စီး ရှေ့ဘီးပေါက်ကာ တိမ်းမှောက်

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ယနေ့ ညနေ လေးနာရီခွဲအချိန်က ပါဂျဲရိုးအမျိုးအစား အိမ်စီးကားတစ်စီး အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ကြောင်းသိရသည်။

ကျောင်းစရိတ်ကြောင့် အဝေးသင်ကျောင်းသားများ အခက်တွေ့၊ ကျူရှင်အစား အချိန်ပိုကြေးဟုဆိုကာ ငွေတောင်းခံနေ

မြစ်ကြီးနားတက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်ခနှင့် အခြားငွေကြေးများ သိန်းဂဏန်းအထိကုန်ကျနေသောကြောင့် အခက်ကြုံနေကြောင်း သိရသည်။

ဖားကန့်တွင် မီးကြိုးတက်ခိုးသည်ဟု ယူဆရသူတစ်ဦး ဓာတ်လိုက်သေဆုံး

ဖားကန့်မြို့ဆိပ်မူကျေးရွာရှိ လျှပ်စစ်ထရမ်စဖော်မာတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည့် ရုပ်အလောင်းကို ယနေ့နံနက် ၅ နာရီခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။

အိမ်ဆောက်ရန်တူးထားသောကျင်းတွင် ကလေးနှစ်ဦး ရေနစ်သေဆုံး

အိမ်ဆောက်ရန်တားထားသော ရေပြည့်နေသည့်ကျင်းတွင် ယနေ့ညနေ ၄ နာရီခန့်က တပ်ကုန်းစံပြရပ်ကွက်မှ ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် အမျိုးသားတစ်ဦး ဓားထိုးသတ်ဖြတ်ခံရ

ဖားကန့်မြို့၊ မရှီကထောင်ကျေးရွာတွင် ယနေ့နံနက် ၅ နာရီခန့်က ဓားဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်းသိရသည်။

လင်မယားချင်းစကားများရန်ဖြစ်ရာမှ ခင်ပွန်းကဇနီးကို ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်

ဖားကန့်မြို့ မှော်ဝမ်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီခန့်က လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ယောက်ျားဖြစ်သူက ဇနီးဖြစ်သူကို ဓားဖြင့်အချက်များစွာထိုးသတ်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ဒေသခံ ၂၀ ထက်မနည်းကို စစ်ကောင်စီတပ်က ပေါ်တာဆွဲ

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းဖြစ်ပွားသည့်တိုက်ပွဲတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေပြီး ဆယ်ဦးခန့်ဒဏ်ရာရသည်ဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယမန်နေ့က ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားချိန် KIA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့တွင် စစ်ကောင်စီတပ်က လူငယ် (၇) ဦးထက်မနည်းကိုဖမ်းဆီး

မိုးကောင်းမြို့ အထက်တန်းကျောင်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရခဲ့ရပြီးနောက် ပိုက်စိပ်တိုက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ပြည်သူခုနှစ်ဦးထက် မနည်းကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ဖားကန့်တွင် အမျိုးသမီးတစ်ဦးကို သေနတ်ထောက်ဆိုင်ကယ်လုယက်မှုဖြစ်ပွား၊ ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းပေးစေလိုသည်ဟုဆို

သေနတ်ထောက်ကာ ဆိုင်ကယ်လုယက်မှု ယမန်နေ့ညနေ ၄ နာရီခန့်က ဖားကန့်မြို့ အေးမြသာယာကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက် ၉ နာရီခန့်မှ စတင်ကာ ဖားကန့်မြို့ နန့်ယားကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

မိုးကောင်းမြို့ရှိ အ.ထ.က (၁) ရှေ့တွင်စစ်ကောင်စီကားတစ်စီး ပစ်ခတ်ခံရပြီး သေဆုံးသူအချို့ရှိသည်ဟုဆို

မိုးကောင်းမြို့ရှိ အထက်တန်းကျောင်းရှေ့တွင်စစ်ကားတစ်စီး ယနေ့ညနေ ၃ နာရီကျော်ခန့်က ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသူအချို့ရှိကြောင်း သိရသည်။