မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ယနေ့ ညနေ လေးနာရီခွဲအချိန်က ပါဂျဲရိုးအမျိုးအစား အိမ်စီးကားတစ်စီး အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်းလမ်းမကြီးပေါ်ရှိ ထွယ်-အီလက်ထရွန်နစ်မိုဘိုင်းဆိုင် မျက်နှာချင်းတွင် အိမ်စီးကားတစ်စီး အရှိန်ဖြင့်မောင်းနှင်လာစဉ် ဘယ်ဘက်ရှေ့ဘီးပေါက်ကာ တိမ်းမှောက်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့သူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကားက အရှိန်နည်းနည်းများတာထင်တယ်။ ရှေ့ဘီးပေါက်တော့ဖြစ်ပြီးလေ၊ လွင့်ထွက်သွားတာ။ လမ်းရှင်းနေချိန်မို့လို့တော်သေးတယ်” ဟု ပြောသည်။

မော်တော်ကားတိမ်းမှောက်ခဲ့သော်လည်း ယာဉ်မောင်းအပြင် ၎င်း၏ အသက် ၆၀ ကျော်မိခင်ဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“လူကတော့ ဘာမှမဖြစ်ကြဘူး။ မောင်းတဲ့သူရော၊ အမေဖြစ်သူရော ဘာမှမဖြစ်ကြဘူး။ ခွေးနှစ်ကောင်လဲပါ လာတယ်ဘာမှမဖြစ်ဘူး။ ကားကတော့ တော်တော်လေးထိသွားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့က မန်ခိန်ရပ်ကွက် နှစ်ခြင်းဘုရားကျောင်းရှေ့တွင် ဆိုင်ကယ်နှင့် စက်ဘီး ယာဉ်တိုက်မှုကြောင့် အဖိုးအိုတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

သတင်း – HN

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ