Month: March 2024

ဗန်းမော်လေယာဉ်ကွင်း ၁၀၇ မမ ရှော့ခ်တိုက်ဒုံးဖြင့် ထပ်မံတိုက်ခိုက်ခံရ

ဗန်းမော်မြို့ လေယာဉ်ကွင်း ယနေ့မွှန်းလွဲ ၃ နာရီခန့်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

မိုးမောက်ရှိ စစ်ကောင်စီစခန်းသုံးခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်

မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း သုံးခုကို ယနေ့နံနက် ၇ နာရီခွဲခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရသည်။

မိုးညှင်းတွင် ကာလကြာရှည်ပြေးဆွဲခြင်းမရှိသော ရထားတွဲများ မီးလောင်ပျက်စီး

မိုးညှင်းမြို့နယ်၊ နန်းမားဘူတာတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က ပြေးဆွဲခြင်းမရှိဘဲ ရပ်ထားသည့် ရထားသုံးတွဲ  မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

နာဖော့စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်၊ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်နေ

KIA ဌာနချုပ် လိုင်ဇာအနီးမှ ဗျူဟာအရအရေးပါသော နာဖော့စစ်ကောင်စီစခန်းကို ယနေ့ နံနက်ပိုင်းက KIA ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်းသိရသည်။

လမ်းပိတ်နေသဖြင့် ပူတာအိုတွင် ကုန်ဈေးနှုန်းများ မြင့်တက်၊ ကုန်ပစ္စည်းများ ပြတ်လပ်နေ

တိုက်ပွဲကြောင့် မြစ်ကြီးနား – ပူတာအိုလမ်းပိတ်သည့်ကာလ ကြာမြင့်လာပြီးနောက် ပူတာအိုမြို့ရှိ ဈေးဆိုင်အချို့တွင် စားသောက်ကုန်များ ပြတ်လပ်နေကြောင်း သိရသည်။

ဟိုပင်တွင် SNA စစ်ကြောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီးနှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရှမ်းနီအမျိုးသားများတပ် (SNA) စစ်ကြောင်း ယမန်နေ့ နံနက် ၁၁ နာရီခန့်က မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရသဖြင့် နှစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

ဝိုင်းမော်စစ်ရှောင်များ၏ နေအိမ်များတွင် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်များက ဖောက်ထွင်းခိုးယူနေ

တိုက်ပွဲပြင်းထန်နေသောကြောင့် ဝိုင်းမော်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက နေအိမ်များဖောက်ထွင်းခိုးယူမှုများရှိနေကြောင်း သိရသည်။

စန်းကားနှင့်တာလောကြီးဆက်သွယ်ထားသည့် တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာနှင့် ဝိုင်းမော်မြို့နယ်၊ စန်းကားကျေးရွာကြားရှိ တံတားတစ်စင်းကို ယမန်နေ့ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရသည်။

KIA ပူးပေါင်းတပ်တို့ သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီစခန်းများကို KIA စစ်ဦးစီးချုပ်နှင့် NUG ကာကွယ်ရေးဝန်ကြီးတို့ သွားရောက်စစ်ဆေး

KIA ပူးပေါင်းတပ်တို့ သိမ်းပိုက်ခဲ့သည့် ဘွမ်ရေဘွမ့် (Bumre Bum) ပွိုင့် ၇၇၁ စခန်းကို KIA စစ်ဦးစီးချုပ်နှင့် NUG ကာကွယ်ရေးဝန်ကြီးတို့ ယနေ့ သွားရောက်...

လုပ်ကြံသတ်ဖြတ်ခံရသည့် ဆရာခွန်ဂျော်လီ၏ နာရေးပွဲကို မြစ်ကြီးနားမြို့တွင် ပြုလုပ်

အမည်မသိလူတစ်စုက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားသည့် ဘာသာရေးဆရာဟောင်း ဦးနမ်မြဲခွန်ဂျော်လီ၏ နာရေးဆုတောင်းပွဲ ယနေ့မွန်းတည့် ၁၂ နာရီခန့်က မြစ်ကြီးနားမြို့၊ နောင်နန်းအုပ်စုရှိ ကချင်ခရစ်ယာန်ဓမ္မတက္ကသိုလ် (KTCS) တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဖော့စခန်းကို KIA ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေပြီး စခန်းသိမ်းနိုင်ရန် အနည်းငယ်လိုသေး၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူရယူနေ

ဝိုင်းမော်မြို့နယ် လိုင်ဇာမြို့အနီး ကျန်ရှိနေသည့် စစ်ကောင်စီစခန်းအနည်းငယ်အနက် စစ်ရေးအရအရေးပါသည့် နာဖော့စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေသောကြောင့် တိုက်ပွဲများပြင်းပြင်းထန်ထန်ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။