Month: March 2024

အရက်သောက်ပြီး စခန်းကိုပြန်လာသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များဖမ်းမိ

ပုလဲမြို့နယ်တွင် အရက်သောက်ပြီးပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းမှူးတစ်ဦးကို ယင်းမာပင်ခရိုင် တပ်ရင်း (၁၉) – Pale Jokers PDF က ယမန်နေ့ နံနက် ၁၁...

မြစ်ကြီးနားတွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်သဖြင့် နေအိမ်နှစ်လုံးပျက်စီး၊ ဒေသခံနှစ်ဦးဒဏ်ရာရ

မြစ်ကြီးနားမြို့ပြင်တွင် အထိုင်ချထားသည့်စစ်ကောင်စီတပ်စခန်းတစ်ခုကို ယနေ့နံနက် ၇ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က ပြန်လည် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း...

KIA မတိုက်ခင်ကတည်းက ထွက်ပြေးသွားသော စစ်ကောင်စီစခန်း ၆ ခုရှိနေ

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိဘဲ စွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ရင်းစခန်းအပါအဝင် စခန်းငယ် ၆ ခုရှိကြောင်းသိရသည်။

မိုးကောင်းတွင် စစ်ကောင်စီတပ်စခန်းအနီး မိုင်းနင်းမိပြီး အမျိုးသားတစ်ဦးသေဆုံး

စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းကြောင့် ယမန်နေ့ ညနေ ၃ နာရီခန့်က မိုးကောင်းမြို့မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုးမောက်တွင် စစ်ကောင်စီစခန်းနှစ်ခုကို  KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီစခန်းတပ်စခန်းနှစ်ခုကို ယမန်နေ့ညနေ ၄ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။

စစ်စခန်းများတိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေ

ဗန်းမော် – လွယ်ဂျယ်လမ်း၊ စိန်လုံတောင်အနီးရှိ စစ်စခန်းများတိုက်ခိုက်ခံနေရသဖြင့် KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မြို့ကို စစ်ကောင်စီတပ်က ယနေ့နံနက် ၇ နာရီခန့်မှစတင်ကာ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

မိုးကောင်းအနီးရှိ စစ်ကောင်စီစခန်းကို KIA တိုက်ခိုက်

မိုးကောင်းမြို့နယ်၊ မရန်ကထောင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် ၆ နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လွယ်လီယာန်အုပ်စုရှိ ဂိတ်ကြေးကောက်ခံလေ့ရှိသော စစ်ကောင်စီစစ်ဆေးရေးဂိတ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး...

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးထားသူများကို ပြန်ဖြေခွင့်ပြုမည်ဟု စစ်ကောင်စီထုတ်ပြန်

လုံခြုံရေးအခြေအနေများကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့်ဒေသများရှိ ကျောင်းသား၊ ကျောင်းသူများကို အထူးအစီစဉ်တစ်ရပ်အနေဖြင့် စာမေးပွဲပြန်လည်ဖြေဆိုခွင့်ပြုသွားမည်ဟု စစ်ကောင်စီကကြေညာခဲ့ကြောင်းသိရသည်။

နောင်းချိန်းကျေးရွာတွင် စစ်ဘေးရှောင်နေသည့် ပြည်သူ ၃၀၀ ကျော်အတွက် အကူအညီလိုအပ်နေ

ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာသို့ရောက်ရှိနေသည့် အောင်မြေ (၁) ကျေးရွာမှ စစ်ရှောင်ပြည်သူ ၃၀၀ ကျော်အတွက် စားဝတ်နေရေး၊ သောက်သုံးရေနှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း သိရသည်။

မိုးမောက်တွင် စစ်ကောင်စီတပ်ရင်းနှင့်လက်နက်ကြီးတပ်ရင်းတို့ကို KIA သိမ်းပိုက်

မိုးမောက်မြို့နယ် နွမ်လန်းကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ – ၄၃၈) နှင့် နောင်ကွမ်ကျေးရွာမှ လက်နက်ကြီးတပ်ရင်းစခန်း (၆၁၆) ကို ယမန်နေ့ ညနေပိုင်းက KIA ပူးပေါင်းတပ်က...

စစ်ကောင်စီတပ်စခန်း ခြောက်ခုထက်မနည်းကို KIA ပူးပေါင်းတပ်က ထပ်မံသိမ်းပိုက်

လိုင်ဇာမြို့နှင့် ပါဂျောင်ကျေးရွာကြားရှိ နာဖော့စခန်းအပါအဝင် အနီးအနားရှိ စစ်ကောင်စီတပ်စခန်း ခြောက်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။