Month: March 2024

တိုက်ပွဲဖြစ်ပွားနေသော တာမခန်ကျေးရွာကို စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်က မီးရှို့ဖျက်ဆီး

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသော ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာကို စစ်ကောင်စီပူးပေါင်းအဖွဲ့က ယနေ့နံနက် ရှစ်နာရီခန့်မှစတင်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။

မုံရွာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက လေးရက်ဆက်တိုက်မီးရှို့သဖြင့် နေအိမ် ၄၀၀ ကျော်ပျက်စီး

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မုံရွာမြို့နှင့်အနီးတစ်ဝိုက်ကို စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက လေးရက်ဆက်တိုက် လိုက်လံမီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသူများကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်သတ်ဖြတ်မှုများရှိခဲ့ကြောင်း AAPP ပြော

စစ်တပ်အာဏာသိမ်းကာလ သုံးနှစ်တာအတွင်း နိုင်ငံရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်က အမျိုးသမီး ၅၅၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ၂၂ ဦးထက်မနည်းကိုအဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယမန်နေ့...

ပန်ဝါတွင် စစ်မှုမထမ်းမနေရဥပဒေ ကြိုဆိုပွဲပြုလုပ်

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်အခြေစိုက်သည့် ချီဖွေမြို့နယ်၊ ပန်ဝါမြို့တွင် ယနေ့ နံနက် ၉ နာရီခန့်က ပြည်သူ့စစ်မှုထမ်းဥပဒေထောက်ခံကြိုဆိုပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်တွင် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု စီးနင်းခံရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံး

မြောင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု ယမန်နေ့နံနက် ၃ နာရီခန့်က အလစ်ဝင်ရောက် စီးနင်းတိုက်ခိုက်ခံရသဖြင့် တပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့် တာမခန်တပ်စခန်းကို KIA ပူးပေါင်းတပ်ဆက်လက်တိုက်ခိုက်နေ၊ သိမ်းပိုက်နိုင်ခြင်းမရှိသေးဟုဆို

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ ၁၁၉) ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ ယနေ့ နေ့လယ်ပိုင်းအထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

ဖားကန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယမန်နေ့ ညနေ ၃နာရီခွဲအချိန်ခန့်က ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရိုင်နီယာ ဒီရိုက်တာနှင့် မာလီခင်တို့ ယနေ့ည ထိုးသတ်မည်

နယ်သာလန်ဖိုက်တာ ရိုင်နီယာ ဒီရိုက်တာနှင့် ရုရှားဖိုက်တာ မာလီခင်တို့ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်အတွက် ယနေ့ည ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

မံစီမြို့နယ်တွင် စစ်ကောင်စီတပ်၏ ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေ

မံစီမြို့နယ်၊ တမော်ကျေးရွာအုပ်စုရှိ စစ်ကောင်စီဗျူဟာကုန်းကို ယနေ့ နံနက် ၆ နာရီကျော်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် PDF ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

မြစ်ကြီးနား – ရန်ကုန်လေယာဉ်လက်မှတ်များ မတ်လကုန်အထိကုန်ပြီ

ကြိုတင်လက်မှတ်ဝယ်ယူသူများပြားသောကြောင့် မြစ်ကြီးနား – ရန်ကုန်လေကြောင်းခရီးစဉ်အတွက် မတ်လကုန်အထိ လေယာဉ်လက်မှတ်များ ဝယ်ယူ၍ မရနိုင်တော့ကြောင်း လက်မှတ်အရောင်းဌာနများထံမှ သိရသည်။

မြစ်ကြီးနားမြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်နေ

မြစ်ကြီးနားမြို့တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်မှ စတင်ကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။