Month: May 2023

စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြားဖြူစစ်ကြောင်းတပ်ဖွဲ့ဝင် သုံးဦးကျဆုံး

စစ်ကောင်စီတပ်၏ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံးကြောင်း သိရသည်။

သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး ရုပ်အလောင်းထပ်မံတွေ့ရှိ

သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက် ၆ နာရီခန့်က ဖားကန့်မြို့ မရှီကထောင်အုပ်စုတွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

ရမ်ပူရပ်ကွက်တွင် ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ဂိုဒေါင်လေးလုံးပျက်စီး

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ယနေ့နံနက် ၂ နာရီခန့်က ဂိုဒေါင်လေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းခေါင်းဖြတ်သတ်ဖြတ်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်လေးဦးနှင့် ပြည်သူတစ်ဦး၏ ဈာပနကျင်းပ

စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးနှင့် ပြည်သူတစ်ဦးတို့၏ ဈာပနာအခမ်းအနားကို ယနေ့နံနက်က ချောင်းဦးမြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခင်ဦးတွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံ ၇၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်လာသောကြောင့် ယနေ့ နံနက်မှစတင်ကာ ခင်ဦးဒေသခံ ခုနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မြင်းမူတွင် စစ်ကောင်စီတပ်က ရွာမီးရှို့ပြီး ဒေသခံနှစ်ဦးကို အကြောင်းမဲ့သတ်ဖြတ်

စစ်ကောင်စီတပ်က ယမန်နေ့နံနက် ခုနှစ်နာရီခန့်တွင် မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ Happy KTV တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အမျိုးသားငါးဦး ဖမ်းခံရ

ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) နှင့်ဆက်နွယ်သည်ဟုဆိုကာ မြစ်ကြီးနားမြို့ရှိ KTV တစ်ခုတွင် ယနေ့နံနက် ၅ နာရီခန့်က အမျိုးသားငါးဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖားကန့်တွင် ပစ်ခတ်သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ အလောင်းတွေ့

ဖားကန့်မြို့နယ် နမ္မဖြစ်ကျေးရွာအုပ်စုနှင့် မှော်စီစာကျေးရွာကြားရှိ တံတားအနီးတွင် ယနေ့နံနက်ပိုင်းက သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်းသိရသည်။

အောင်လအင်ဆန်က တရုတ်နိုင်ငံသားဖန်ရောင်းကို ဒုတိယအချီတွင် ချုပ်ကွက်ဖြင့်အနိုင်ယူ

မြန်မာ့ဂုဏ်ဆောင် သိုင်းပေါင်းစုံကစားသမား အောင်လအင်ဆန်က တရုတ်ဖိုက်တာ ဖန်ရောင်းနှင့် ယနေ့နံနက်က ထိုးသတ်ရာ ဒုတိယအချီအစပိုင်းတွင် ချုပ်ကွက်ဖြင့်အနိုင်ယူလိုက်သည်။

ရွှေတူးဖော်မှုများလာသောကြောင့် ချောင်းရေခမ်းခြောက်ကာ ရေအားလျှပ်စစ်ထုတ်လုပ်ရန် ခက်ခဲနေ

ချောင်းရေခမ်းခြောက်လာသဖြင့် ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော အထက်နမ့်ထွမ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အပြည့်အဝလည်ပတ်နိုင်ရန် ခက်ခဲနေကြောင်း သိရသည်။

ဒိန်ဆင်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးကုမ္ပဏီ ပိတ်သိမ်း၊ အခြားနေရာရှိ မြေရှားသတ္တုတူးဖော်ရေးကုမ္ပဏီများ ထွက်ခွာသွားမည်ကို လိုလား

မံစီမြို့နယ်၊ ဒိန်ဆိန်းပါဒေသရှိ မြေရှားသတ္တုတူးဖော်ရေးကုမ္ပဏီ လွန်ခဲ့သည့် မေလ ၂ ရက်နေ့က အပြီးအပိုင် ထွက်ခွာသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်တွင် ဖမ်းဆီးခံရသူများအနက် ကချင်လူမျိုးများကို ထောက်ပို့ဟုစွပ်စွဲကာ ရိုက်နက်နှိပ်စက်

ဖားကန့်မြို့နယ် မလန်းကျေးရွာနှင့် မှော်စီစာကျေးရွာကြားရှိ ဥရုချောင်းအနီး ယမန်နေ့က ဖမ်းဆီးခံခဲ့ရသည့် မြေစာတင်ကားမောင်းနှင်သူများမှ လေးဦးကို စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။