မြန်မာ့ဂုဏ်ဆောင် သိုင်းပေါင်းစုံကစားသမား အောင်လအင်ဆန်က တရုတ်ဖိုက်တာ ဖန်ရောင်းနှင့် ယနေ့နံနက်က ထိုးသတ်ရာ ဒုတိယအချီအစပိုင်းတွင် ချုပ်ကွက်ဖြင့်အနိုင်ယူလိုက်သည်။

ဒုတိယအချီအစတွင် အောင်လအင်ဆန်ကတရုတ်နိုင်ငံသားကို လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ယူလိုက်ခြင်းဖြစ်သည်။

ပွဲအပြီးတွင် အောင်လအင်ဆန်က ချန်ပီယံထိုးသတ်ပွဲထိုးသတ်လိုကြောင်း ပြောကြားခဲ့သည်။

အသက် ၃၈ နှစ်အရွယ် အောင်လအင်ဆန်သည် ယခုပွဲအပါအဝင် ၎င်း၏ MMA မှတ်တမ်းအရ ၄၃ ပွဲထိုးသတ်ခဲ့ရာ (၂၄) ပွဲနိုင်၊ (၁၃) ပွဲရှုံး၊ တစ်ပွဲဖျက်သိမ်းရလဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ