Month: May 2023

တိုက်ပွဲပြင်းထန်နေသည့် ပင်လောင်းမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ်ရှိ တောင်စာလုံးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက် လေးနာရီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်

ရွှေကူတွင် စစ်ကောင်စီစစ်ကြောင်း မီးရှို့သဖြင့် နေအိမ် ၃၀ ကျော်မီးလောင်ပျက်စီး၊ မီးငြိမ်းသတ်သည့် ရွာသားများကိုရိုက်နှက်

ရွှေကူမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီစစ်ကြောင်းက နေအိမ် ၃၀ ထက်မနည်းကို ယမန်နေ့ညနေ (၆) နာရီခန့်က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့၏ ပူးပေါင်းတပ်စခန်းနှစ်ခုကို ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ရုပ်အလောင်းများကို လာရောက်စွန့်ပစ်ထား

သတ်ဖြတ်ခံထားရသည့် အမျိုးသားနှစ်ဦး၏ရုပ်အလောင်းများကို ယနေ့ နံနက် ၆ နာရီခန့်က ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု ညောင်ပင်ကုန်းအနီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းဝင်လာသဖြင့် ဖားကန့်မြို့နယ်ရှိ ကျေးရွာအချို့ထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီစစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် ယနေ့ နံနက်က ဖားကန့်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တောင်တက်သူများ၏ စည်းကမ်းမဲ့စွန့်ပစ်မှုများကြောင့် ရေခဲတောင်များတွင် ပလတ်စတစ်အမှိုက် ပိုများလာသည်ဟုဆို

ပူတာအိုရှိရေခဲတောင်များတွင် တောင်တက်ခရီးသည်များ၏ စည်းကမ်းမဲ့စွန့်ပစ်ထားသော အမှိုက်များကြောင့် တောင်တက်လမ်းတစ်လျောက်တွင် ပလတ်စတစ်အမှိုက်များ တစ်စတစ်စများပြားလာနေကြောင်း သိရသည်။

ခင်ဦးတွင် စစ်ရှောင်ပြည်သူများ သောက်သုံးရေရရှိရန်ခက်ခဲနေ

နွေရာသီကာလ အပူချိန်မြင့်မားလာပြီး ရေတွင်း၊ ရေကန်များ ခမ်းခြောက်လာသဖြင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့ပိုင်းရှိ စစ်ရှောင်ပြည်သူများ သောက်သုံးရေရရှိရန် အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ကချင်ပြည်နယ်မှ နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာပါဝင်

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အကျဉ်းချခံထားရသူများမှ ယမန်နေ့က လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ်မြောက်လာသူများတွင် ကချင်ပြည်နယ်ရှိ အကျဉ်းထောင်များမှ ရှစ်ဦးသာ ပါဝင်ကြောင်း သိရသည်။

ဖားကန့်တွင် ကျောက်စိမ်းတူးသည့်ကားများကို စစ်ကောင်စီဖမ်းဆီး၊ ငွေညစ်ချင်သဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဒေသခံများပြော

ကုမ္ပဏီမြေစာသယ်ကားများနှင့် သဲကျောက်သယ်သည့် ကားများကို ယနေ့ နံနက် ၇ နာရီခန့်မှ စတင်ကာ ဖားကန့်မြို့ မလန်းကျေးရွာနှင့် မှော်စီစာကျေးရွာကြား ဥရုချောင်းဖြတ်ကူးသည့်နေရာအနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းသိရသည်။

မြစ်ကြီးနားတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ သုံးဦးတွေ့

နေမကောင်းသောကြောင့် ဆေးစစ်ရာမှ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင်နေထိုင်သည့် မိသားစု သုံးဦးတွင် ကိုဗစ်-၁၉ ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

နေရပ်ပြန်စစ်ရှောင်များ နေအိမ်၊ ကျောင်းနှင့် ဆေးပေးခန်းဆောက်လုပ်ရန် အကူအညီ လိုအပ်နေ

ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်တွင် ပြန်လည်နေထိုင်ကြသော မလိဆွတ်ယန်ကျေးရွာ ဒေသခံပြည်သူများ နေအိမ်၊ ကျောင်းနှင့် ဆေးပေးခန်းဆောက်လုပ်ရန် အကူညီများလိုအပ်နေကြောင်း သိရသည်။

သီလရှင်ဝတ်နေစဉ်ပျောက်ဆုံးသွားသူကို နှစ်ပတ်ကြာသည်အထိပြန်မတွေ့သေး

သီလရှင်ဝတ်နေချိန် ပျောက်ဆုံးသွားသော ဗန်းမော်မြို့မှ မိန်းကလေးတစ်ဦးကို နှစ်ပတ်ကြာအထိ ပြန်မတွေ့ သေးကြောင်း သိရသည်။