Month: April 2023

ဝက်လက်မြို့နယ်တွင် တော်လှန်ရေး ရဲဘော် ခြောက်ဦး ကျဆုံး

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဝက်လက်မြို့နယ်မှ တော်လှန်ရေး ရဲဘော်ခြောက်ဦး ယမန်နေ့ နံနက် ကိုးနာရီခွဲခန့်က ကျဆုံးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက အရပ်သားနှစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ မင်းကုန်းကျေးရွာအနီးတွင် ယမန်နေ့ ညနေလေးနာရီခန့်က အရပ်သားအမျိုးသားနှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မြေရှားသတ္တုတူးဖော်ရေးကို ကန့်ကွက်သူများအား ပစ်ခတ်ရန်အမိန့်ပေးခဲ့သည်ဟု သတင်းထွက်ပေါ်နေသဖြင့် KIO ကို ကချင်လူထုဝေဖန်

မံစီမြို့နယ် ဒိန်ဆိန်းပါဒေသတွင် မြေရှားတူးဖော်ရေးလုပ်ငန်းများကို ကန့်ကွက်နေသည့် ဒေသခံပြည်သူများကို ပစ်ခတ်တားဆီးရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က အမိန့်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့ပြီး ကချင်လူထုအကြား ဝေဖန်မှုများမြင့်တက်နေသည်။

မြဝတီမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဒေသခံအချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေသည့် မြဝတီမြို့နယ်မှ ဒေသခံအချို့ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

CDM ကျောင်းဆရာမအပါအဝင် အင်းတော်ဒေသခံ လေးဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးကို စစ်ကောင်စီတပ်က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။

ဖားကန့်တွင် တစ်လအတွင်း လုပ်ကြံသတ်ဖြတ်ခံရသူအရေအတွက် ယခင်ထက်ပိုများလာ

ဖားကန့်မြို့နယ်တွင် မတ်လတစ်လအတွင်း သတ်ဖြတ်ခံရသူအရေအတွက် ယခင်လကထက် မြှင့်တက်လာပြီး ပြည်သူ ၂၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင်ဖြစ်ပွားခဲ့သော တစ်လတာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါးသေဆုံး

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့် မတ်လတစ်လတာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးရာနီးပါးသေဆုံးခဲ့ပြီး ၁၃ ဦးအရှင်ဖမ်းမီခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၏ထုတ်ပြန်ချက်အရ သိရသည်။

ကျေးရွာအတွင်း မီးငြိမ်းရန်သွားသည့် PDF တစ်ဦး မိုင်းနင်းမိပြီး ကျဆုံးကာ ဒေသခံနှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်က မီးရှို့ထားသည့် ကန့်ဘလူမြို့နယ်မှနေအိမ်များကို မီးငြိမ်းသတ်ရန်သွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ယနေ့ နံနက်ငါးနာရီက မိုင်းနင်းမိပြီးကျဆုံးခဲ့ကြောင်း သိရသည်။

ကျောက်စိမ်းလုပ်ကွက်မှ အလုပ်သမားများကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီး

ကျောက်စိမ်းလုပ်ကွက်တွင် ရေမဆေးကျောက်ရှာဖွေသူများနှင့် ဘက်ဟိုးမောင်းနှင်သူများကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း သိရသည်။

မြစ်ကြီးနားတွင် တစ်လအတွင်း ယာဉ်တိုက်မှု ၃၅ မှုထက်မနည်းဖြစ်ပွား

မြစ်ကြီးနားမြို့တွင် မတ်လအတွင်း ယာဉ်တိုက်မှုပေါင်း ၃၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ဒဏ်ရာရသူများလည်းရှိကြောင်း လူမှုကူညီရေးအသင်းအချို့၏ အချက်အလက်များအရ သိရသည်။

စစ်ကောင်စီ ဘီလူးစစ်ကြောင်းကြောင့် ချောင်းဦးမြို့နယ်မှ ဒေသခံ နှစ်သောင်းခန့် ထွက်ပြေးတိမ်း‌ရှောင်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် တောင်ဘက်ခြမ်းသို့ ဒေသအခေါ် စစ်ကောင်စီဘီလူးစစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့ကစပြီး ထိုးစစ်ဆင်ဝင်ရောက်ကာ ကျေးရွာများ မီးရှို့ဖျက်ဆီးနေသောကြောင့် စုစုပေါင်း နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း...