ဖားကန့်တွင် သတ်ဖြတ်ခံထားရသည့် ပိုင်ရှင်မဲ့အလောင်းနှစ်လောင်းတွေ့ရှိ
ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအုပ်စု ကျောက်သွေးတောင်အနီး ယနေ့နံနက် ၅ နာရီခန့်က သတ်ဖြတ်ခံထားရသည့် ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ကန့်ဘလူလေကြောင်းတိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀ ထက်မနည်းကျဆုံးပြီး သေဆုံးသူ ၁၀၀ ကျော်နိုင်သည်ဟု ဒေသခံများပြော
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၀ ထက်မနည်းသေဆုံးပြီး ကလေးသူငယ်များအပါအဝင် သေဆုံးသူစုစုပေါင်း ၁၀၀ ကျော်နိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ယင်းမာပင်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေဆုံး
စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယနေ့ နံနက် ၁ နာရီခန့်က ယင်းမာပင်မြို့နယ်တွင် ကလေးတစ်ဦးသေဆုံးပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နမ္မတီးမြို့တွင် စစ်ရှောင်ပြည်သူများ၏နွားများကို မြေခွေးများအုပ်စုလိုက် သတ်ဖြတ်စားသောက်နေ
မြေခွေးများအုပ်စုလိုက်သတ်ဖြတ်စားသောက်နေသဖြင့် နမ္မတီးမြို့တွင်နေထိုင်သည့် စစ်ရှောင်ပြည်သူများ၏နွားများ ယခုလ လဆန်းပိုင်းမှစတင်ကာ မကြာခဏသေဆုံးနေကြရကြောင်း သိရသည်။
ဖားကန့်တွင် အမျိုးသမီး ၄၀ ထက်မနည်း ဖမ်းဆီးခံရ
ဖားကန့်မြို့နယ် လုံးခင်းအုပ်စုရှိ နေအိမ်တန်းလျားတစ်ခုတွင် ဧပြီလ ၁၀ ရက် နံနက် ၄ နာရီခန့်က အမျိုးသမီး ၄၀ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်မည်ကိုကြောက်သဖြင့် ဘုရားကုန်းပေါ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်က အနီးတဝိုက်မီးရှို့ဖျက်ဆီး
တော်လှန်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်မည်ကို ထိတ်လန့်ကြောက်ရွံ့သဖြင့် ဖားကန့်မြို့နယ် ဆန်းကြွယ်ကျေးရွာရှိ ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များက အနီးတဝိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်မှ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီး
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် နန့်လန်ကျေးရွာနှင့် နောင်လက်ကြီးကျေးရွာကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က မိုင်းထောင်ထားသဖြင့် တနိုင်းဒေသခံများ သွားရေးလာရေးခက်ခဲ
ဒေသခံပြည်သူများ နေ့စဉ်အသုံးပြုနေသော မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမပေါ်ရှိ တိန်ကောက်ကျေးရွာ အနီးလမ်းတွင် စစ်ကောင်စီတပ်က မိုင်းထောင်ထားသောကြောင့် ဒေသခံပြည်သူများ သွားရေးလာရေးခက်ခဲနေကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ယနေ့ နံနက် ရှစ်နာရီဝန်းကျင်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးဖွင့်ပွဲ ပြုလုပ်နေစဉ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြောင်း သိရသည်။