မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ရဲတပ်ရင်း (၃၀) တွင် ယနေ့ည ၈ နာရီခွဲခန့်က ဗုံးပေါက်ကွဲသံ ကျယ်လောင်စွာထွက်ပေါ်ခဲ့ကြောင်းသိရသည်။

ဗုံးပေါက်ကွဲသံကျယ်လောင်စွာကြားရပြီးနောက် သေနတ်သံ ခြောက်ချက်ထပ်မနည်းထွက်ပေါ်လာသည်ဟု ရဲတပ်ရင်းအနီးတွင်နေထိုင်သည့် အသက် ၇၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။

“အသံကတော့ အရမ်းကျယ်တယ်။ အိမ်ရှေ့မှာတောင် သေနတ်သံတစ်ချက်ကြားလိုက်သေးတယ်။ ပြီးတော့ သေနတ်အသံက လေး၊ ငါး၊ ခြောက်ချက်လောက်ပြန်ကြားရတယ်” ဟုပြောသည်။

ရဲတပ်ရင်း (၃၀) တွင် ဗုံးပေါက်ကွဲသံကြားခဲ့ရခြင်းဖြစ်ပြီး‌ သေနတ်ပစ်ခတ်သံများလည်း ကြားခဲ့ရကြောင်း ကျွန်းပင်သာရပ်ကွက်နေ အမျိုးသမီးတစ်ဦးကပြောသည်။

“တပ်ရင်း ၃၀ မှာ ပေါက်တာ။ ဗုံးကတစ်ခေါက်ပဲ သေနတ်သံက ငါးချက်ဖောက်တာ။ ခုက မကြားရတော့ဘူး” ဟုပြောသည်။

ပြီးခဲ့သည့် မတ် ၁၉ ရက်နေ့က မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲသံများကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ