KNU တပ်မဟာ (၆) နယ်မြေတွင်ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံး
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်နှင့် KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။