ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က ကလေးမြို့တွင် Chin Rifles အဖွဲ့က ပစ်ခတ်တိုက်ခိုင်ခဲ့သဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသော စစ်ကောင်စီစစ်ကြောင်းသည် စမ်းမြို့ရပ်ကွက်ရှိ အ.ထ.က (၈) ကျောင်းတွင် တပ်စွဲထားပြီး ဈေးဝယ်ထွက်ချိန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု  Chin Rifles အဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက The 74 Media ကိုပြောသည်။

“မနက်မှာ ပစ္စည်းဝယ်ဖို့ထွက်လာတာပါ။ လမ်းမပေါ်ကတစ်ယောက်တော့ သေပါတယ်။ ကျောင်းအပေါ်ထပ်ကနေ ကာဗာပစ်ကူဖို့ ထွက်လာတဲ့ တစ်ယောက်တော့ လက်မှာထိပြီး အထဲပြန်ဝင်သွားတယ်” ဟုသူကပြောသည်။

တိုက်ခိုက်မှုနှင့်သေဆုံးဒဏ်ရာရမှုများနှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ကလေးမြို့ တာဟန်ရပ်ကွက်တွင်လည်း ယမန်နေ့ ညက ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၀ ရက်နေ့ကည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်တွင် CNDF တပ်ဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်းသိရသည်။

သတင်း – Nan non

ဓါတ်ပုံ – သဘာဝနဒီ

သင့်ထင်မြင်ချက်ရေးပေးပါ