အင်းတော်တွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာနှင့်ခရီးသည်များထံမှ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေများ လုယက်
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နားရခေါင်ကျေးရွာနှင့် နဘားကျေးရွာလမ်းဆုံတွင် အလှည့်ကျစစ်ဆေးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာနှင့် ခရီးသည်များထံမှ ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးများ လုယက်နေကြောင်း သိရသည်။