KIA

မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းတွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲနှစ်ကြိမ်ဖြစ်၊ စစ်ကောင်စီ ၁၀ ဦးထက်မနည်သေဆုံးဟုဆို

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ကားတစ်စီးကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာအနီး ကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖားကန့်အခြေစိုက် KIA တပ်ရင်း (၆) ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ဖားကန့်မြို့နယ်အခြေစိုက် တပ်မဟာ (၉)၊ တပ်ရင်း (၆) တပ်စခန်းကို ယနေ့ နံနက် ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း...

KIA နှင့် KPDF ပူးပေါင်းပြီး ဘိန်းခင်းဧက ရာဂဏန်းကို ဖျက်ဆီးနိုင်ခဲ့ဟုဆို

ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာအနီးရှိ ဘိန်းခင်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် KPDF တပ်ဖွဲ့တို့ပူးပေါင်းကာ လိုက်လံဖျက်ဆီးနေကြောင်း သိရသည်။

မိုးညှင်းမြို့မရဲစခန်း တိုက်ခိုက်ခံရ၊ လက်နက်ကြီးလက်နက်ငယ်သံများ ထွက်ပေါ်ခဲ့ဟုဆို

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ မြို့မရဲစခန်း ယနေ့ နံနက် ငါးနာရီခန့်က တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရ

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတစ်ခုအနီး ယမန်နေ့ည ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုဗေဒဆေးဝါး တင်လာသည့် ကားကို KIA ဖမ်းဆီး

ဘိန်းချက်ရာတွင် အသုံးပြုသော ဓာတုဗေဒပစ္စည်းများတင်လာသည့် ကားတစ်စီးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မတ်လ ၂ ရက်နေ့ ည ၉ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင်ဖမ်းဆီးခံခဲ့ရသည့် လူ ၁၀၀ ကျော် အားလုံးပြန်လွတ်ပြီ

ဖားကန့်မြို့ အေးမြသာယာအုပ်စု ရှရော်ခကျေးရွာတွင် မတ်လ ၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းဆီးသွားသည့် ပြည်သူ ၁၃၀ ခန့် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားတွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်ပွား

ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား မြစ်ကြီးနားမြို့နယ်၊ ဟိုကပ်ကျေးရွာအုပ်စုတွင် ယနေ့နံနက် ၈ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကမ်းနဘေးတွင် အလုပ်လုပ်နေသော ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ကန့်ကွက်မှုများရင်ဆိုင်နေရသည့် မြေရှားသတ္တုစီမံကိန်းအနီး KIA လုံခြုံရေးတင်းကြပ်ထား

ကေအိုင်အေထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တစ်ခုကိုတွေ့ရစဉ် (ပုံဟောင်းဖြစ်သည်) ကန့်ကွက်မှုများ အပြင်းအထန်ရင်ဆိုင်နေရသော မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတည်ရှိရာ မံစီမြို့နယ်၊ ဒိန်ဆိန်းပါကျေးရွာသို့ သွားသည့်လမ်းတစ်လျှောက်တွင် ကေအိုင်အေစစ်ဆေးရေးဂိတ်များက စစ်ဆေးမှုတင်းကြပ်နေကြောင်း သိရသည်။

ကွတ်ခိုင်မြို့ နောင်ဆွေကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နောင်ဆွေကျေးရွာအနီးတွင် ယနေ့ နံနက် ဆယ်နာရီခန့်က ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

လဝါးကျေးရွာတွင် လူသတ်မှုကျူးလွန်သူများကို KIA ဖမ်းဆီးစစ်ဆေးနေသည်ဟုဆို

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာတွင် ပြည်သူကိုးဦး ဖမ်းဆီးသတ်ဖြတ်ခံခြင်းနှင့် ပတ်သက်ပြီး ကျူးလွန်သူများကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။