Kachin State

ဖားကန့်တွင် မြေပြိုမှုကြောင့် လူ ၃၀ ခန့် ပျောက်ဆုံးနေ

ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် ယနေ့ မွန်းလွှဲ သုံးနာရီခန့်က ‌မြေပြိုမှု‌ကြောင့် ကျောက်ရှာဖွေ‌နေသူ ၃၀ ဦးခန့်‌ပျောက်ဆုံးနေကြောင်း ဖားကန့်ဒေသခံများထံမှသိရသည်။

ပူတာအိုတွင် လီဆူပြည်သူ့စစ်ဖွဲ့စည်းရန် လိုက်လံစည်းရုံးမှုများရှိနေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖွဲ့စည်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူတိုက်ပွဲဝင်နေသည့် ဒေသအခေါ်လီဆူပြည်သူ့စစ်အခြေစိုက်စခန်းတစ်ခ်ုကို ပူတာအိုဒေသတွင် ထပ်မံဖွဲ့စည်းရန် စည်းရုံးမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

သေနတ်ကိုင်ပြီး ပစ္စည်းခိုးသည့်လူငယ်တစ်ဦးကို ဗန်းမော်ဒေသခံများ ဝိုင်းဖမ်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ခေါ်ယူသွား

သေနတ်အတိုကိုင်ဆောင်ထားပြီး နေအိမ်အတွင်း ပစ္စည်းဝင်ရောက်ခိုးယူနေသည့် လူငယ်တစ်ဦးကို ယမန်နေ့ ညနေ ၄ နာရီခန့်က ဗန်းမော်မြို့ရှိ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့အခြေစိုက် KIA တပ်ရင်းကို စစ်ကောင်စီဗုံးကြဲ

ဖားကန့်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်စခန်းတစ်ခုကို ယမန်နေ့ည ၈ နာရီခွဲခန့်က စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ရေးတင်းမာနေချိန် ခရီးသွားပြည်သူများအနေဖြင့် သတိထားသွားလာရန် ဗန်းမော် PDF ထုတ်ပြန်

စစ်ရေးတင်းမာနေချိန် ခရီးသွားပြည်သူများအနေဖြင့် ဗန်းမော်မြို့နယ်အတွင်း သတိထားသွားလာကြရန် Bhamo People Defense Force (Kachin Region) က ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဒေသခံများကန့်ကွက်မှုများကြောင့် ပိတ်ထားခဲ့သော လောင်းကစားရုံကို တစ်လခန့်အကြာတွင်ပြန်ဖွင့်

ဒေသခံများဆန့်ကျင်ကန့်ကွက်မှုများကြောင့် ဇွန်လတွင် ပိတ်လိုက်သော မိုးကောင်းမြိုရှိ လောင်းကစားရုံတစ်ခုကို ယခုအခါ ပြန်ဖွင့်ထားကြောင်း ဒေသခံများထံမှ သိရသည်။

KIA သိမ်းပိုက်ထားသောစစ်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ကချင်လွတ်မြောက်ရေးတပ် (KIA) က ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကသိုဏ်းတောင်စခန်းအနီးကို ယနေ့ မွန်းလွှဲ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်တွင် အမည်မသိရောဂါကြောင့် ကျွဲ၊ နွားအများအပြားသေဆုံးနေ

အမည်မသိရောဂါတစ်မျိုးကြောင့် ပူတာအိုမြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာတွင် ကျွဲနှင့်နွား အများအပြားသေဆုံးနေကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၄ နာရီခန့်တွင် ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် မှော်စီစာကျေးရွာတွင် ယနေ့ နေ့လယ်က ကမ်းပါးပြိုကျမှုကြောင့် ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလောင်းပြန်တွေ့

ဖားကန့်မြို့နယ် မှော်စီစာကျေးရွာတွင် ယနေ့ နေ့လယ်က ကမ်းပါးပြိုကျမှုကြောင့် ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလောင်း ယနေ့ ညနေ ၆ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့သည်။ သတင်းအပြည့်အစုံ...

လုံးခင်းဒေသခံသုံးဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံပြည်သူသုံးဦးကို ယမန်နေ့ညနေ ၃ နာရီခန့်က လက်နက်ကိုင်အမျိုးသားငါးဦး လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

ဖားကန့်တွင် ကမ်းပါပြိုပြီး လေးဦးရေစီးနှင့်မျောပါသွားပြီး တစ်ဦးပျောက်ဆုံးနေဆဲ

ဖားကန့်မြို့ မှော်စီစာကျေးရွာရှိ လုပ်ကွက်ဟောင်း‌ရေကန်တွင် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ကမ်းပါးပြိုကျသောကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လေးဦး ရေစီးနှင့်မျောပါသွားပြီး တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။