News

ရွှေကူတွင် ကန့်ကွက်မှုများရှိသော်လည်း အလွန်အကျွံရွှေတူးဖော်သဖြင့် ဘေးထွက်ဆိုးကျိုးကို ဒေသခံများ ခံစားလာရသည်ဟုဆို

ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်နှင့် ကမ်းပါးများတွင် ရွှေတူးဖော်နေမှု ပိုမိုများပြားလာသောကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဒဏ်များကို ဒေသခံပြည်သူများ ခံစားနေရကြောင်းသိရသည်။

မံစီတွင် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်၊ စခန်းသိမ်းနေသည်ဟု သတင်းထွက်ပေါ်

မံစီမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

မိုးကောင်းတွင် အိမ်ရှင်မရှိခိုက် နေအိမ်တစ်လုံးနှင့် စပါးကျီတစ်ခု မီးလောင်

မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်တွင် ယနေ့ မွန်းလွှဲ ၄ နာရီခန့်က နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် နေ့ခင်းကြောင်တောင် လူငယ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီး

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ အမျိုးသားအားကစားကွင်း ဒေသအခေါ် နောင်ရာပါကွင်းတွင် ယနေ့ ညနေ ၄ နာရီခန့်က လူငယ်အမျိုးသား ငါးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တန့်ဆည်တွင် ဒေသခံနှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ်က တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းကို နှစ်ရက်ဆက်တိုက်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကောလင်းမြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီတပ်က မြို့ကို မီးရှို့

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၆ နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒေသခံများပြင်းပြင်းထန်ထန်ကန့်ကွက်နေသော်လည်း မိုးမောက်မြို့တွင် မြေရှားတူးဖော်မှုများ ဆက်လက်လုပ်ကိုင်နေ

ဒေသခံပြည်သူများ ကန့်ကွက်နေ့သော်လည်း မိုးမောက်မြို့နယ်၊ စိန်လုံတောင်ကြောရှိ  စိုက်ပျိုးရေးခြံများတွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။

ဖားကန့်တွင် အမျိုးသားတစ်ဦး လုယက်သတ်ဖြတ်ခံရ

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုတွင် ယမန်နေ့ နေ့လယ်နှစ်နာရီခွဲခန့်က ကျောတွင် ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားနှင့်ဝိုင်းမော်တွင် တစ်ရက်အတွင်းယာဉ်တိုက်မှုနှစ်ခုဖြစ်ပြီးတစ်ဦးသေ သုံးဦးဒဏ်ရာရ

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် ယနေ့တစ်ရက်အတွင်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရှားတောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ကျော်သေပြီး စစ်သုံ့ပန်းများ ဖမ်းမိထားသည်ဟုဆို

ကရင်နီပြည်နယ်၊ ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့နေ့စွဲဖြင့်ထုတ်ပြန်လိုက်သည်။

စစ်မှုမထမ်းမနေရဥပဒေကြောင့် တော်လှန်ရေးအဖွဲ့များထံ ခိုလှုံသူများလာ

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် လာရောက်ခိုလှုံလိုသူများနှင့် စစ်သင်တန်းတက်ရောက်လိုသူများအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ်တွင် ဒေသခံအချို့၏ရုပ်အလောင်းတွေ့

ကချင်လွတ်မြောက်ရေးတပ် (KIA)၊ (KPDF) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ဖားကန့်မြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးတွင် ဒေသခံပြည်သူတို့၏ ရုပ်အလောင်းအချို့ကို တွေ့ရှိခဲ့ရကြောင်းသိရသည်။