The 74 Media

နေရပ်ပြန်စစ်ရှောင်များ နေအိမ်၊ ကျောင်းနှင့် ဆေးပေးခန်းဆောက်လုပ်ရန် အကူအညီ လိုအပ်နေ

ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေရပ်တွင် ပြန်လည်နေထိုင်ကြသော မလိဆွတ်ယန်ကျေးရွာ ဒေသခံပြည်သူများ နေအိမ်၊ ကျောင်းနှင့် ဆေးပေးခန်းဆောက်လုပ်ရန် အကူညီများလိုအပ်နေကြောင်း သိရသည်။

သီလရှင်ဝတ်နေစဉ်ပျောက်ဆုံးသွားသူကို နှစ်ပတ်ကြာသည်အထိပြန်မတွေ့သေး

သီလရှင်ဝတ်နေချိန် ပျောက်ဆုံးသွားသော ဗန်းမော်မြို့မှ မိန်းကလေးတစ်ဦးကို နှစ်ပတ်ကြာအထိ ပြန်မတွေ့ သေးကြောင်း သိရသည်။

စစ်ကောင်စီတပ်က PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ အင်းတော်မြို့နယ်တွင် နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များနှင့် ဆက်စပ်မှုရှိသည်ဟူသောစွပ်စွဲကာ စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ရှိ ဒေသခံပြည်သူများ၏နေအိမ်များကို မကြာခဏမီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

အရက်မူး စကားများရန်ဖြစ်ပြီး ဓားခုတ်မှုဖြစ်ကာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအုပ်စု မလိခကျေးရွာတွင် သူငယ်ချင်းနှစ်ဦး အချင်းများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားကာ  အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ဗလီတစ်လုံးနှင့် စာသင်ကျောင်းအပြင် နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ရှိ ဘာသာရေးအဆောက်အအုံနှင့် စာသင်ကျောင်းတို့ကို စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်းတွေ့

သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းတစ်လောင်းကို ယနေ့ နံနက် ၆ နာရီခန့်က ဖားကန့်မြို့နယ် မရှီကထောင်ကြိုးတံတားအနီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ဖျာရောင်းသည့် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

ဖျာလိုက်လံရောင်းချသည့်ဈေးသည်တစ်ဦး ယမန်နေ့ နေ့လည် ၁ နာရီခန့်က ဖားကန့်မြို့နယ်၊ ကုဋေမှော်ကျေးရွာတွင် အသတ်ခံခဲ့ရကြောင်းသိရသည်။

ဖားကန့်တွင် ဒေသခံ ၈၀ ခန့်ကို စစ်ကောင်စီ အကြောင်းမဲ့ဖမ်းဆီး

ဖားကန့်မြို့နယ် လုံးခင်းအုပ်စုတွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ပြီး ဒေသခံ ၈၀ ခန့်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးသွားသည့် ဖားကန့်ဒေသခံအမျိုးသားကို တစ်လကျော်ကြာသည်အထိ ပြန်မလွတ်သေး

စစ်ကောင်စီတပ်က ဖားကန့်မြို့ရှိ အမျိုးသမီးစွမ်းရည်မြင့်တင်ရေး ကွန်ပျူတာသင်တန်းကျောင်းကို ဝင်ရောက်စီးနင်းစဉ် အကြောင်းမဲ့ဖမ်းဆီးသွားသည့် ရုံးစောင့်အမျိုးသားကို တစ်လကျော်ကြာသည်အထိ ပြန်လည်ပေးခြင်း မရှိကြောင်း သိရသည်။

သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ ၅၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူပေါင်းတပ်ဖွဲ့တို့ကြား သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က စစ်ရှောင် ဆယ်ဦးထက်မနည်း ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းက စစ်ရှောင်ပြည်သူ ဆယ်ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဒီး‌မော့ဆိုမြို့နယ်တွင် NUG အစိုးရ၏ ယာယီတပ်စခန်းတစ်ခု တိုက်ခိုက်ခံရသောကြောင့် ရဲဘော်တစ်ဦး ကျဆုံး

ကရင်နီပြည်နယ် ဒီး‌မော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ NUG အစိုးရ၏ အလယ်ပိုင်းတိုင်း ၁၁၀၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ယာယီစခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ည ၁၁ နာရီခန့်က လေကြောင်းတိုက်ခိုက်