The 74 Media

တနိုင်းတွင် စစ်ကောင်စီတပ်စခန်းဆောက်လုပ်ရန် ဒေသခံမြေယာများကို သိမ်းဆည်းပြီး လမ်းပိတ်ထား

တနိုင်းမြို့နယ် နန့်ဖြတ်ယန်ကျေးရွာမှ စစ်ရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ နေထိုင်သည့်နေရာကို စစ်ကောင်စီတပ်က တပ်စခန်းဆောက်လုပ်ရန် ပြောင်းရွှေ့ခိုင်းပြီး အများပြည်သူသွားလာနေသော လမ်းကိုလည်း ပိတ်ထားကြောင်း သိရသည်။

ဝိုင်းမော်တွင် ကလေးတစ်ဦးလမ်းဖြတ်ကူးစဉ် ကားတိုက်ခံရပြီး သေဆုံး

လမ်းဘေးတွင်ဆော့ကစားနေသည့်ကလေးတစ်ဦး ကားလမ်းဖြတ်ကူးစဉ် ကားတိုက်ခံရပြီး ယမန်နေ့ညနေ ၆ နာရီခွဲခန့်က ဝိုင်းမော်မြို့နယ်တွင် သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့က ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာတွင် ဘုန်းကြီးတစ်ပါအပါအဝင် ၁၀ ဦးသေဆုံ (ဓါတ်ပုံ)

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့က ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာတွင် ဘုန်းကြီးတစ်ပါအပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များလည်း ပျက်စီးခဲ့သည်။ သတင်းအပြည့်အစုံကို The 74 Media...

ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်စခန်းက အများပြည်သူသွားလမ်းကို ဖျက်ဆီး

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ အများပြည်သူပိုင်ကားလမ်းမကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေကော်ကားဖြင့် ယမန်နေ့က လာရောက်ဖျက်ဆီးသွားကြောင်း သိရသည်။

ချီဖွေမြို့နယ်ရှိစစ်ရှောင်စခန်းများတွင် နာမကျန်းဖြစ်သူများပြီး ဆေးဝါးအကူအညီလိုအပ်နေ

ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေသော ချီဖွေမြို့ရှိ စစ်ရှောင်စခန်းနှစ်ခုတွင် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့သောကြောင့် ပုလဲတွင် ဘုန်းကြီးတစ်ပါးအပါအဝင် ကိုးဦးသေ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ယနေ့ မွန်းလွှဲ ၃ နာရီခွဲခန့်က ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာမှ ဘုန်းကြီးတစ်ပါးနှင့် ဒေသခံပြည်သူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့

မုံရွာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီပစ်သတ်

သူခိုးဖမ်းဆီးခေါ်ဆောင်လာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇ နာရီခန့်က မုံရွာမြို့တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ပူတာအို-ခေါင်လန်ဖူးလမ်းပိုင်းတွင် မြေပြိုသဖြင့် လမ်းပိတ်ပြီး ကုန်ဈေးနှုန်းအဆမတန်မြင့်တက်

ကမ်းပါးပြိုကျပြီး ပူတာအို – ခေါင်လန်ဖူး လမ်းပိတ်ဆို့နေသောကြောင့် ခေါင်လန်ဖူးမြို့နယ်အတွင် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများ မြင့်တက်လာပြီး အချိန်ကြာလာပါက စားသောက်ကုန်များ ပြတ်လပ်သွားနိုင်ကြောင်း သိရသည်။

ကလေးတွင်နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့ပြီး အကျအဆုံးရှိ

စစ်ကောင်စီတပ်ဖွဲ့နှင့် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား ယမန်နေ့ညနေ ၃ နာရီခန့်က ကလေးမြို့နယ်၊ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ CNDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

မြောင်တွင် တော်လှန်ရေးစခန်း စီးနင်းခံရပြီး တပ်ဖွဲ့ဝင်သုံးဦးကျဆုံး

မြောင်မြို့နယ်တွင် ယနေ့နံနက် ၅ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ကြီး ပစ်ခတ်ခဲ့သောကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် ပိုင်ရှင်မဲ့အလောင်းတစ်လောင်းတွေ့

ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတွင် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းကို‌ တွေ့ရှိခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် စစ်ကောင်စီတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်ပွား

ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့နံနက် ၁၀ နာရီခန့်မှစတင်ကာ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။