The 74 Media

မံစီတွင် စစ်ကောင်စီတပ်နှင့် KIA ကြား တိုက်ပွဲပြင်းထန်နေ

ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) နယ်မြေသို့ စစ်ကောင်စီတပ်ဖွဲ့များဝင်ရောက်လာသဖြင့် မံစီမြို့နယ်တွင် လေးရက်ဆက်တိုက် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများထံမှ သိရသည်။

ကျေးရွာအထိ ရွှေတူးဖော်လာသဖြင့် ပူတာအိုဒေသခံများ ကန့်ကွက်

ဒေသခံများ၏ စိုက်ပျိုးမြေဧရိယာအတွင်း စက်ယန္တရားကြီးများအသုံးပြုကာ ရွှေတူးဖော်လာနေသဖြင့် ပူတာအိုမြို့နယ်၊ အင်လွယ်ယန်ကျေးရွာဒေသခံများ ကန့်ကွက်နေကြောင်းသိရသည်။

မြစ်ကြီးနား ဂျပန်တံတားအနီး စစ်ကောင်စီတပ်က ညစဉ်နီးပါးတင်းကြပ်စွာ စစ်ဆေး

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ ဒေသအခေါ် ဂျပန်တံတားအနီးတွင် ယခုရက်ပိုင်းအတွင်း ညစဉ် စစ်ကောင်စီတပ်က စစ်ဆေးမှုများတင်းကြပ်စွာပြုလုပ်နေကြောင်းသိရသည်။

မုံရွာတွင် စစ်ကောင်စီဂိတ်နှင့်ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းအဖွဲ့ တိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော မုံရွာစီးပွားရေးတက္ကသိုလ်ရှေ့ရှိ စစ်ကောင်စီဂိတ်နှင့် ပျူစောထီးရွာဟုခေါ်သော တောပုကျေးရွာကို ယမန်နေ့က တော်လှန်ရေးတပ်ဖွဲ့များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် နေ့ခင်းကြောင်တောင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ဖားကန်မြို့ ကြက်တကောင်ကုန်းရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာအနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦး ယနေ့ မွန်းလွှဲ ၁ နာရီခန့်က ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ကန့်ကွက်မှုများရှိနေသော်လည်း ရွှေဆက်တူးနေသဖြင့် ဒေသခံများက ကိုယ်ထူကိုယ်ထ အရေးယူမည်ဟုဆို

ဒေသခံပြည်သူများက အကြိမ်ကြိမ်သွားရောက်သတိပေး ကန့်ကွက်ခဲ့သော်လည်း စက်ယန္တာရားကြီးများဖြင့် ဆက်လက်ရွှေတူးဖော်နေသဖြင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားထွက်ခွာသွားရန် ပူတာအိုမြို့နယ် လန်းတောင်ကျေးရွာဒေသခံများက ထပ်မံသတိပေးခဲ့ကြောင်းသိရသည်။

ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက်အနီးနေထိုင်သည့် ရေမဆေးသမားများကို ပြောင်းရွှေ့ခိုင်း

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီအနီးနေထိုင်သည့် ဖားကန့်မြို့ အေးမြသာယာအုပ်စုမှ ရေမဆေးသမားများကို ကျောက်တူးဖော်ရေးလုပ်ငန်းအတွက် ဖေဖော်ဝါရီ (၂၅) ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွေ့ခိုင်းကြောင်းသိရသည်။

နန်းမားရဲစခန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိဟုဆို

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ နန်းမားရဲစခန်းတွင် ယမန်နေ့ည ရှစ်နာရီက မိုင်းပေါက်ကွဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်က ချောင်းကြားကျေးရွာကို တတိယအကြိမ် မီးရှို့ဖျက်ဆီး၊ မီးငြိမ်းသတ်ရန် ရွာအတွင်းဝင်ရောက်လာသူတစ်ဦး မိုင်းနင်းမိ

စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်‌၊ ချောင်းကြားကျေးရွာကို ယမန်နေ့နံနက် ရှစ်နာရီက တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ချောင်းဦးဒေသခံများ၏ စိုက်ခင်း ဧက ၂၀၀ ခန့်ကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

ချောင်းဦးဒေသခံပြည်သူများ၏ စိုက်ပျိုးခြံ ဧက ၂၀၀ ခန့်ကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့က သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကန်ပိုက်တီမြို့​ကို ကံပိုင်တည်ဟု ပြောင်းလဲခေါ်ဆို

ပန်ဝါအခြေစိုက်နယ်ခြားစောင့်တပ် ခေါင်းဆောင်ဟောင်း၏ တောင်းဆိုမှုကြောင့် ကန်ပိုက်တီမြို့ကို ကံပိုင်တည်မြို့အဖြစ် စစ်ကောင်စီက အမည်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။