The 74 Media

မြစ်ကြီးနားတွင် နာရေးကူညီမှုအတွက်အသုံးပြုသည့် ခရစ်ယာန်အသင်းတော်ပိုင် ကားတစ်စီး ခိုးယူခံရ

မြစ်ကြီးနားမြို့တွင် နာရေးကူညီမှုအတွက်အသုံးပြုသည့် ခရစ်ယာန်အသင်းတော်ပိုင်ကားတစ်စီး ခိုးယူခံရမှု ယမန်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို TNLA သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တိန်းတန်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ၏ တပ်မဟာ (၆) က...

စစ်ကောင်စီကို အငိုက်မိပြီး အရှိုက်ထိသွားစေတဲ့ “Operation 1027”

စစ်ကောင်စီကို အငိုက်မိပြီး အရှိုက်ထိသွားစေတဲ့ “Operation 1027” ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာအများအပြားမှာ ဒီနေ့ အောက်တိုဘာလ ၂၇ ရက် မနက် ၄ နာရီကစတင်ပြီး ညီနောင်မဟာမိတ်...

“၁၀၂၇ စစ်ဆင်ရေး” တွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA)လည်း ပါဝင်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယနေ့နံနက်မှစတင်ကာ ညီနောင်မဟာမိတ်သုံးဖွဲ့က စတင်ဖော်ဆောင်လျက်ရှိသည့် “၁၀၂၇ စစ်ဆင်ရေး” တွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ် (BPLA) လည်း ပါဝင်နေကြောင်း သိရသည်။

မူးရူးနေသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဆယ်ကျော်သက်အရွယ်ကျောင်းသားများကို ထိုးကြိတ်၊ ကျောင်းသူတစ်ဦး ဆေးရုံရောက်

အရက်သေစာသောက်စားထားသော ဒေသအခေါ် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဝင်များက ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာမှ ဘော်ဒါဆောင်နေကျောင်းသားများကို ယမန်နေ့ နေ့လယ်က ထိုးကြိတ်ခဲ့သောကြောင့် ကျောင်းသူတစ်ဦး သတိမေ့မျော

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင်ပါဝင်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်ကြေညာ

ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”ကြေညာချက်ကိုကြိုဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်းပါဝင်မည်ဟု ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

လားရှိုးသို့သွားမည့် လေယာဉ်ခရီးစဉ်အားလုံး ပယ်ဖျက်

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအများစုတွင် ယနေ့နံနက်မှစတင်ကာ တိုက်ပွဲများပြင်းထန်နေသောကြာင့် လားရှိုးမြို့လေဆိပ်သို့ လာရောက်မည့် လေယာဉ်ခရီးစဉ်များကို ပယ်ဖျက်လိုက်ကြောင်း သိရသည်။

ကွတ်ခိုင်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံး

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ယနေ့ နံနက် ခုနှစ်နာရီခန့်က စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် (၄) ရှိ...

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်၊ စစ်ကောင်စီတပ်များ အထိနာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ချင်းရွှေဟော်မြို့နှင့်အခြားနေရာအချို့တွင် ကိုးကန့် (MNDAA) တပ်နှင့် ညီနောင်မဟာမိတ်တပ်များက ယနေ့နံနက် လေးနာရီမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေရာအနှံ့ထိုးစစ်စတင်ဆင်နွဲလိုက်ကြောင်း သိရသည်။

နမ့်ခမ်းမြို့အနီးရှိ ၁၃ မိုင်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းပိုက်၊ ဟိုပန်-ချင်းရွှေဟော်လမ်းပေါ်ရှိ နမ့်တိန်ချောင်းတံတားဖျက်ဆီးခံရ

နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီတပ်၏ ဒေသအခေါ် ၁၃ မိုင်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့်ပူးပေါင်းတပ်များက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုကကြောင်း သိရသည်။

မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် ထောင်ဒဏ် ၁၀ နှစ်ချခံရ

မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် ထောင်ဒဏ် ၁၀ နှစ်ချခံရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ကျောင်းဆင်းဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နီးစပ်သူဖြစ်တယ်လို့...

ရွှေကူတွင် စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ရွှေကူမြို့နယ်၊ ငဘတ်ဝကျေးရွာတွင် စစ်ကောင်စီတပ်က စခန်းချထားသော ဒေသအခေါ်တာဝါတိုင်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်တို့က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။