လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ တိန်းတန်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ၏ တပ်မဟာ (၆) က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့လယ် ၁၂ နာရီခန့်တွင် စခန်းကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စခန်းသိမ်းဆည်းရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိကြောင်းလည်း ဖော်ပြထားသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ