နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီတပ်၏ ဒေသအခေါ် ၁၃ မိုင်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့်ပူးပေါင်းတပ်များက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုကကြောင်း သိရသည်။

အဆိုပါတပ်စခန်းကို ယနေ့နံနက်အစောပိုင်းက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမနက် ၆ နာရီ ၇ နာရီ ကြားအချိန်မျာ တအောင်းတွေထိုင်လိုက်နိုင်ပြီ” ဟုဆိုသည်။

ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသည့် ရုပ်သံများအရ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ကတုတ်ကျင်းတွင် သေဆုံးလျက်ရှိသည်ကို တွေ့ရပြီး TNLA တပ်ဖွဲ့ဝင်များက အောင်ပွဲခံနေကြသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ဟိုပန်မြို မှ ချင်းရွေဟော်သို ဆက်သွယ်ထားသည့် နမ့်တိန်ချောင်း တံတားကို စစ်ရေးအရ မိုင်းခွဲခံလိုက်ရသည်။

ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာသည့် ရုပ်သံများအရ နမ့်တိန်တံတားကို မိုင်းခွဲလိုက်ခြင်းကြောင့် မီးခိုးများတက်သွားသည်ကို ရုပ်သံတွင်တွေ့ရသည်။

ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့တို့က ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ကြောင်းကြေညာခဲ့ပြီး လားရှိုးမြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်များရှိ စစ်ကောင်စီစခန်းများကို တစ်ပြိုက်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၁၀၂၇ စစ်ဆင်ရေး၏ စစ်ရေးရည်မှန်းချက်တစ်ခုအနေဖြင့် ချင်းရွှေဟော်မြို့ကို ကိုးကန့် (MNDAA) တပ်က သိမ်းပိုက်ထားပြီး လက်ရှိစစ်ရေးတင်းမာလျက်ရှိသည်။

သတင်း – Hkashi, Zami

 

သင့်ထင်မြင်ချက်ရေးပေးပါ