The 74 Media

လုံရှာယန်ကျေးရွာတွင် စစ်ကောင်စီတပ်က စခန်းအခိုင်အမာပြန်လည်တည်ဆောက်နေသဖြင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်

ပူတာအိုမြို့နယ်၊ လုံရှာယန်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်စခန်းချနေထိုင်သောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်းသိရသည်။

မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီတပ်က ဗုံးကြဲ၊ အမျိုးသမီးနှစ်ဦး ဒဏ်ရာရပြီး နေအိမ်သုံးလုံးပျက်စီး

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် ယနေ့ နံနက် ၁၁ နာရီခန့်က မင်္ဂလာပွဲကျင်းပနေချိန် စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်သုံးလုံးပျက်စီးခဲ့ပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စေတီကို တူနှင့်ရိုက်ထုပြီးဖျက်ဆီးနေသည့် ရုပ်သံနှင့်ပတ်သက်ပြီး MNDAA တောင်းပန်စာထုတ်

လောက်ကိုင်မြို့ရှိ စေတီတစ်ဆူကို MNDAA ဝတ်စုံဝတ်ဆင်ထားသော လူတစ်ဦးက သံတူဖြင့်ရိုက်ထုဖျက်ဆီးနေသော ရုပ်သံဖိုင်နှင့်ပတ်သက်ပြီး တောင်းပန်ကြောင်း

ဖားကန့်တွင် အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၊ တစ်ဦးသေဆုံးပြီး ၁၁ ဦး အရှင်ဖမ်းမိ

ဖားကန့်မြို့နယ်တွင် ယနေ့ နံနက် ကိုးနာရီခွဲခန့်က အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ်(KIA) က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ၁၁ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲပြင်းထန်နေ၊ ဖားကန့်ကားလမ်း ခေတ္တပိတ်ထားဟုဆို

မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန့်တိန်ကျေးရွာတွင် ယနေ့ နံနက် ခုနှစ်နာရီအချိန်ခန့်ကစပြီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ လေးရက်မြောက်နေ့အထိ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။

စစ်ကိုင်းတိုင်းတွင် ဓားပြမှုကျူးလွန်ခဲ့သူများသတ်ဖြတ်ခံရပြီး စစ်ကောင်စီတပ်က PDF ဟု ဝါဒဖြန့်

စစ်ကိုင်းမြို့နယ်အတွင်း သေနတ်ကိုင်ဓားပြတိုက်နေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီးနောက် PDF တပ်ဖွဲ့ဝင်များဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။

One Championship ပြိုင်ပွဲတွင် ဒီရစ်ဒါနှင့် မာလီခင်တို့ ထပ်မံတိုးသတ်မည်

မြန်မာ့ဂုဏ်ဆောင် အောင်လအင်ဆန်ထံမှ ချန်ပီယံခါးပတ်နှစ်ခုစလုံးကို သိမ်းပိုက်သွားခဲ့သည့် ဒီရစ်ဒါနှင့် ခါးပတ်နှစ်ကွင်းချန်ပီယံ မာလီခင်တို့ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်အတွက် လာမည့် မတ်လ ၁ ရက်နေ့တွင် ထိုးသတ်သွားမည်

ဖားကန့်သို့ စစ်ကူရောက်လာသည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်သို့ စစ်ကူရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်း ယမန်နေ့ည ၇ နာရီခန့်က ကြားဖြတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

မိုးကောင်းတွင် ဆိုင်ကယ်ဘေးတွဲနှင့် ခရီးသည်တင်ကားတိုက်မိသောကြောင့် တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဆိုင်ကယ်ဘေးတွဲတစ်စီးနှင့် ခရီးသည်တင်ကားတိုက်မိသောကြောင့် ယမန်နေ့ည ၅ နာရီခွဲခန့်က နမ္မတီးမြို့တွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်ရှိ ပြည်သူ့စစ်စခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ခေါင်လန်ဖူးမြို့နယ်၊ ခရန်ထီဒမ်းကျေးရွာရှိ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်စခန်းကို တော်လှန်ရေးအင်အားစုများက ယမန်နေ့နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

လောက်ကိုင်တွင် MNDAA က လက်နက်ခဲယမ်း တောင်ပုံရာပုံသိမ်းမိ၊ တပ်မိသားစုလုံခြုံရေးအတွက် ဆုတ်ခွာခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

လောက်ကိုင်မြို့ကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် MNDAA ယမန်နေ့ညကထုတ်ပြန်ကြေညာခဲ့ပြီးနောက် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက တပ်မိသားစု၏လုံခြုံရေးကိုစဉ်းစားကာ ဆုံးဖြတ်ခဲ့သည်ဟု

ကချင်ပြည်နယ်နေ့အခမ်းအနားကို ခိုးကြောင်ခိုးဝှက်ကျင်းပရန် စစ်ကောင်စီပြင်ဆင်နေ

မြစ်ကြီးနားမြို့တွင် ၇၆ ကြိမ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို သုံးရက်ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကြေညာလိုက်သည်။