Month: October 2023

မူးရူးနေသော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဆယ်ကျော်သက်အရွယ်ကျောင်းသားများကို ထိုးကြိတ်၊ ကျောင်းသူတစ်ဦး ဆေးရုံရောက်

အရက်သေစာသောက်စားထားသော ဒေသအခေါ် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့ဝင်များက ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာမှ ဘော်ဒါဆောင်နေကျောင်းသားများကို ယမန်နေ့ နေ့လယ်က ထိုးကြိတ်ခဲ့သောကြောင့် ကျောင်းသူတစ်ဦး သတိမေ့မျော

ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးတွင်ပါဝင်မည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထုတ်ပြန်ကြေညာ

ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး”ကြေညာချက်ကိုကြိုဆိုပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်းပါဝင်မည်ဟု ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

လားရှိုးသို့သွားမည့် လေယာဉ်ခရီးစဉ်အားလုံး ပယ်ဖျက်

ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအများစုတွင် ယနေ့နံနက်မှစတင်ကာ တိုက်ပွဲများပြင်းထန်နေသောကြာင့် လားရှိုးမြို့လေဆိပ်သို့ လာရောက်မည့် လေယာဉ်ခရီးစဉ်များကို ပယ်ဖျက်လိုက်ကြောင်း သိရသည်။

ကွတ်ခိုင်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံး

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ယနေ့ နံနက် ခုနှစ်နာရီခန့်က စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် (၄) ရှိ...

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်၊ စစ်ကောင်စီတပ်များ အထိနာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ချင်းရွှေဟော်မြို့နှင့်အခြားနေရာအချို့တွင် ကိုးကန့် (MNDAA) တပ်နှင့် ညီနောင်မဟာမိတ်တပ်များက ယနေ့နံနက် လေးနာရီမှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေရာအနှံ့ထိုးစစ်စတင်ဆင်နွဲလိုက်ကြောင်း သိရသည်။

နမ့်ခမ်းမြို့အနီးရှိ ၁၃ မိုင်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းပိုက်၊ ဟိုပန်-ချင်းရွှေဟော်လမ်းပေါ်ရှိ နမ့်တိန်ချောင်းတံတားဖျက်ဆီးခံရ

နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီတပ်၏ ဒေသအခေါ် ၁၃ မိုင်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့်ပူးပေါင်းတပ်များက ယနေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုကကြောင်း သိရသည်။

မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် ထောင်ဒဏ် ၁၀ နှစ်ချခံရ

မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင် ထောင်ဒဏ် ၁၀ နှစ်ချခံရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၈ ကျောင်းဆင်းဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နီးစပ်သူဖြစ်တယ်လို့...

ရှေ့တန်းတပ်သားများအတွက် လေယာဉ်ပေါ်မှချပေးသော ထမင်းကြော်များသည် လွန်ခဲ့သည့် ၂ နှစ်ကျော်က ထမင်းကြော်ဖြစ်နေ

စစ်ကောင်စီတပ်က ၎င်းတို့ရှေ့တန်းစခန်းသို့ လေကြောင်းမှတစ်ဆင့် ချပေးခဲ့သော ထမင်းကြော်များသည် အာဏာသိမ်းခဲ့သည့်လက ထုတ်လုပ်ထားသော ထမင်းကြော်များဖြစ်နေကြောင်း

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသောကြောင့် ဒီပဲယင်းမြို့နယ်တွင် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသောကြောင့် ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်က ဖမ်းဆီးသွားသည့်ကျောင်းသားနှစ်ဦးကို မ.ပ.ခသို့ ပို့လိုက်ပြီဟုဆို

စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်က ဖမ်းဆီးသွားသည့် ဝိုင်းမော်မြို့နယ်မှ ကျောင်းသားနှစ်ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင် စပါးအထွက်နှုန်းနည်းပါးသဖြင့် စားနပ်ရိက္ခာဖူလုံမှုအတွက် ဒေသခံများစိုးရိမ်

စပါးဖျက်ပိုးကျရောက်ခဲ့သည့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ တောင်ယာစပါးခင်းများတွင် အခင်း၏သုံးပုံတစ်ပုံခန့်သာ ရိတ်သိမ်းနိုင်သဖြင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာဖူလုံမှုအတွက် စိုးရိမ်နေရကြောင်း သိရသည်။ မိုင်ထောင်းကျေးရွာနှင့် ခကရန်းယာန်ကျေးရွာရှိ တောင်ယာစပါးခင်းများတွင် စပါးပင်စိုက်ပျိုးပြီး သုံးလခန့်အကြာ ပြီးခဲ့သည့်ဇူလိုင်လက...