Month: September 2023

ကုန်ကျစရိတ်တစ်ဝက်ခန့်သာကွာသော စီမံကိန်းနှစ်ခုကို နှိုင်းယှဉ်ခြင်း

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့သည် အိန္ဒိယနိုင်ငံသားများအတွက် ၂၁ ရာစုတွင် ဂုဏ်ယူစရာအကောင်းဆုံးနေ့တစ်နေ့ဟု ဆိုရမည်။ နိုင်ငံအလံများကိုဝှေ့ယမ်းကာ ခုန်ပေါက်မြူးတူး ပြုံးပျော်ရွှင်နေကြသော အိန္ဒိယနိုင်ငံသားများကို ရုပ်သံများ၌...

အိမ်ဆောက်သည့်လုပ်ကွက်တွင် ရေနစ်သေဆုံးသည့် ကလေးနှစ်ဦး အမှုကို သိန်း ၂၀၀ ဖြင့် ကျေအေး

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ အိမ်ဆောက်သည့်လုပ်ငန်းခွင်တွင် စက်တင်ဘာလ (၁) ရက်နေ့က ရေနစ်သေဆုံးသည့် ကလေးနှစ်ဦး၏အမှုကို ငွေကျပ်သိန်း ၂၀၀ ဖြင့် ကျေအေးလိုက်ကြောင်း သိရသည်။

ယင်းမာပင်တော်လှန်ရေးတပ်ဖွဲ့မှ တပ်စိပ်မှူးတစ်ဦး မိုင်းမတော်တဆမှုကြောင့် ကျဆုံး

မိုင်းမတော်တဆမှုကြောင့် ယနေ့ နံနက် ၉ နာရီခန့်က ယင်းမာပင်မြို့ခရိုင် တပ်ရင်း (၂၁) မှ ဒုတပ်စိတ်မှူးကျဆုံးခဲ့ကြောင်း သိရသည်။

ရွှေကူမြို့မရဲစခန်း ဒရုန်းဖြင့် ဗုံးပစ်တိုက်ခိုက်ခံရ

ရွှေကူမြို့နယ်၊ အမှတ် ၃ ရပ်ကွက်ရှိ မြို့မရဲစခန်းကို ယနေ့နံနက် ၇ နာရီခန့်က မောင်းသူမဲ့ယာဉ်ငယ်ပေါ်မှ ဗုံးသုံးလုံးထက်မနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးသည်ဟုဆို၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့ ဒီးမော့ဆိုမြို့နယ်တွင် ကိုးနာရီကျော်ကြာ ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးကြောင်း ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

PDF နှင့် ဆက်စပ်ပတ်သက်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က နေအိမ်တစ်လုံးနှင့် ဆီဆိုင်ကို ဖြိုချဖျက်ဆီး

PDF များနှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ စစ်ကောင်စီတပ်က မိုးကောင်းမြို့ရှိ နေအိမ်တစ်လုံးနှင့် စက်သုံးဆီဆိုင်ကို ယမန်နေ့ကလာရောက်ဖျက်ဆီးသွားပြီး ဆိုင်ရှင်လင်မယားနှင့် ဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖားကန့်တွင် မီးကြိုးတက်ခိုးသည်ဟု ယူဆရသူတစ်ဦး ဓာတ်လိုက်သေဆုံး

ဖားကန့်မြို့ဆိပ်မူကျေးရွာရှိ လျှပ်စစ်ထရမ်စဖော်မာတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည့် ရုပ်အလောင်းကို ယနေ့နံနက် ၅ နာရီခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။

အိမ်ဆောက်ရန်တူးထားသောကျင်းတွင် ကလေးနှစ်ဦး ရေနစ်သေဆုံး

အိမ်ဆောက်ရန်တားထားသော ရေပြည့်နေသည့်ကျင်းတွင် ယနေ့ညနေ ၄ နာရီခန့်က တပ်ကုန်းစံပြရပ်ကွက်မှ ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်မိုင်းမိကာ သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူနေအိမ်နှင့်အတူ မီးရှို့ပြီး အလောင်းဖျောက်

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်မိုင်းမိကာသေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ပြည်သူများ၏နေအိမ်များနှင့်အတူ မီးရှို့ပြီး အလောင်းဖျောက်ခဲ့ကြောင်း ခင်ဦးဒေသခံများထံမှ သိရသည်။

အင်းတော်တွင်တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး၊ တစ်ဦးဒဏ်ရာရ

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အသက် (၄) နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူထား

မိဘများမရှိချိန် ကလေးငယ်အားခေါ်ဆောင်ကာ သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သူ အမျိုးသားကို ဝိုင်းမော်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် အမျိုးသားတစ်ဦးဓားထိုးဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး တစ်လအတွင်း သတ်ဖြတ်မှုကြောင့် သေဆုံးသူ ရှစ်ဦးအထိရှိလာ

ဖားကန့်မြို့နယ်တွင် ယမန်နေ့ည ၈ နာရီခန့်က ဓားထိုးမှုထပ်မံဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ဩဂုတ်လ တစ်လအတွင်း သတ်ဖြတ်ခံရသူနှင့် ရုပ်အလောင်းပြန်လည်တွေ့ရှိသူ စုစုပေါင်း ရှစ်ဦးအထိရှိကြောင်း သိရသည်။