Month: July 2023

ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကောင်တပ်ဖွဲ့ဝင်များက ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် ယနေ့ နံနက် ရှစ်နာရီခန့်မှစတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

စစ်ကောင်စီသင်္ဘောများကြောင့် ဗန်းမော်ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေ

မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းမှ ဆန်တက်လာသော စစ်ကောင်စီသင်္ဘောများကြောင့် ယမန်နေ့မှစပြီး ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာအချို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ဟိုပင်တွင် ရေကြီးရေလျှံ့မှုဖြစ်ပြီး နေအိမ် နှစ်လုံးပျက်စီးကာ ၅၀ လုံးခန့် ရေနစ်မြုပ်

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဟိုပင်မြို့၊ သရက်ချောင်းတစ်လျှောက်ရှိ နေအိမ်နှစ်လုံး ပျက်စီးသွားပြီး နေအိမ် အလုံး ၅၀ ခန့် ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

လောင်းကစားများနဲ့ တည်ဆောက်နေတဲ့ မြို့

ဆောင်းပါးရှင် – ကချင်လေး “သုံးတန်းကွာ၊ နှစ်တန်းတက်ဟေ့၊ ကုလားတစ်ကောင်နဲ့ ဆလေးလာစမ်းပါဟ” အစရှိသည့် တစ်ယောက်တစ်ပေါက် ပြောဆိုဆဲဆိုသံများကို ဆူညံစွာကြားနေရသည်။

ဆဒုံး – ကန်ပိုင်တီလမ်းတွင် စစ်ကောင်စီပူးပေါင်းတပ်ကို ကေအိုင်အေ တိုက်ခိုက်

စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့အား ယမန်နေ့ နံနက် ကိုးနာရီအချိန်ခန့်က ဝိုင်းမော်မြို့နယ် ဆဒုံး – ကန်ပိုင်တီလမ်းရှိ ဂေါ့နန်ကျေးရွာနှင့် လဂျွန်ကျေးရွာကြားတွင် ကေအိုင်အေအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီသွားလာသည့်နေရာအနီး မိုင်းတစ်လုံးတွေ့

ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့က မိုင်းဟုယူဆရသော ပလပ်စတစ်အိတ်အမဲဖြင့် ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိသေနတ်သမားများ သတ်ဖြတ်

ဖားကန့်မြို့နယ် စပျစ်ကူးကျေးရွာအုပ်ချုပ်ရေးမှူးကို ယမန်နေ့ ည ၇ နာရီခန့် အမည်မသိအမျိုးသားလေးဦးက လာရောက်ခေါ်ဆောင်သွားပြီး ပစ်သတ်သွားကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မူဆယ်ဒေသခံသုံးဦးသေပြီး သုံးဦးထိခိုက်ဒဏ်ရာရ

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေချိန် ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် မူဆယ်မြို့နယ်မှ ဒေသခံသုံးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

စစ်ကောင်စီကို မိုင်းခွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် မတော်တဆဖြစ်ပြီး တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံး

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းထောင်နေစဉ် မတော်တဆပေါက်ကွဲခဲ့သောကြောင့် ယမန်နေ့ နံနက် ၆ နာရီခန့်က ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

SNA တပ်ဖွဲ့ဝင်ဟုယူဆရသူများက အရပ်သား (၅) ဦးကို သတ်ဖြတ်

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင်ဟုယူဆရသူများက အရပ်သား (၅) ဦးကို ဓားဖြင့်ထိုးသတ်နေသည့် ရုပ်သံဖိုင်တစ်ခုကို The 74 Media က ရရှိထားသည်။

ဖားကန့်တွင် မီးလောင်ပြီး အိမ်နှစ်လုံးပျက်စီးဆုံးရှုံး

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့ည ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံးပြာကျခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြည်သူသုံးဦးကို ပစ်ခတ်၊ တစ်ဦး ထိမှန်

ဝိုင်းမော်မြို့နယ် အောင်မြေ (၁)ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ဒေသအခေါ် လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးနင်းလာသော လမ်းသွားလမ်းလာ အမျိုးသားသုံးဦးကို ယမန်နေ့ ည ၇နာရီခွဲအချိန်က ပစ်ခတ်ခဲ့သောကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။