Month: July 2023

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

ဆားလင်းကြီးမြို့နယ်သို့စစ်ကူလာသည့် အင်အား ၆၀ ခန့်ပါရှိသော စစ်ကောင်စီမော်တော်ယာဉ်တစ်စင်း ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားတွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး ကျောင်းသူတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရ

ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုကြောင့် ယနေ့ နံနက် ၆ နာရီခွဲခန့်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ကျောင်းသူတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဆားလင်းကြီးဒေသခံများထွက်ပြေးနေရပြီး မပြေးနိုင်သူအချို့ အစာပြတ်လပ်သေဆုံးမှုရှိနေ

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသဖြင့် ဆားလင်းကြီးမြို့နယ် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးမရှောင်နိုင်သည့် သက်ကြီးရွယ်အိုအချို့ အစာရေစာပြတ်လပ်ကာ သေဆုံးမှုများရှိနေကြောင်း သိရသည်။

တနိုင်းတွင် စစ်ကောင်စီတပ်က လမ်းပိတ်ထားသောကြောင့် ဒေသခံပြည်သူများအခက်တွေ့

စစ်ကောင်စီတပ်က တစ်လခန့်ကြာ လမ်းပိတ်ထားသောကြောင့် ရှင်ဗွေယန်မြို့နယ်ခွဲရှိ ကျေးရွာအချို့မှ ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။

ဝိုင်းမော်တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့

အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်း ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်အနီးတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် KIA ရှေ့တန်းစခန်းတစ်ခု လက်လွတ်လိုက်ရ

ကချင်လွတ်မြောက်ရေးတပ် (KIA) ၏ ဝိုင်းမော်မြို့နယ် ဆဒုံးရေတံခွန်အနီးရှိ ရှေ့တန်းတပ်စခန်းတစ်ခု ယမန်နေ့က လက်လွတ်ခဲ့ရကြောင်း သိရသည်။

ဒီးမော့ဆိုတွင် စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်သဖြင့် သုံးဦးဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို ယနေ့နံနက် ၂ နာရီခန့်က စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကလေးငယ်တစ်ဦး

စစ်ရှိန်မြင့်လာသောကြောင့် သတိပြုသွားလာရန် လိုင်ဇာခရိုင်အုပ်ချုပ်ရေးရုံးက သတိပေးထုတ်ပြန်

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလျက်ရှိသောကြောင့် ဒေသခံပြည်သူများ သွားလာရေးနှင့် လုံခြုံရေးအတွက် အထူးဂရုပြုရန် လိုင်ဇာ

ဖားကန့်တွင် မီးသတ်အရာရှိတစ်ဦးကို အမည်မသိအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

မီးသတ်အရာရှိဗိုလ်တစ်ဦးကို ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်နေအိမ်မှ အမည်မသိအမျိုးသားသုံးဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နန်ဆန်ယန်တွင် ခရီးသွားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေချိန် ထိပြည်သူတစ်ဦး ခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

KIA ဌာနချုပ်အနီး နမ်ဆန်ယန်ကျေးရွာတွင် တိုက်ပွဲဖြစ်၊ ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်နေ

စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ယနေ့နံနက် ၅ နာရီခန့်မှ စတင်ကာ ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ဖားကန့်တွင် စက်သုံးဆီပြတ်လပ်နေပြီး ဆီတစ်ဂါလံတွင် နှစ်သောင်းနီးပါးဖြင့် ရောင်းချနေ

ဖားကန့်မြို့နယ်တွင် စက်သုံးဆီပြတ်လပ်နေပြီး လက်ကျန်ဆီများကို တစ်ဂါလံလျင် ၁၈၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။