Month: September 2022

စစ်ကောင်စီစစ်ကြောင်းကို ဝါရာဇွပ်ကျေးရွာအနီး ကေအိုင်အေတိုက်ခိုက်

စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ယနေ့ နံနက် ၈ နာရီခန့်က ဖားကန့်မြို့နယ် နောင်းမီကျေးရွာနှင့် ဝါရာဇွပ်ကျေးရွာကြားတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

မြဝတီတွင် စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူးသေဆုံးသည်ဟုဆို

မြဝတီ – ကောကရိတ်လမ်း တစ်နေရာတွင် ယမန်နေ့နံနက် ၇ နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး (KNLA) ပူးပေါင်းတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံခဲ့ကြောင်း...

စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရသောကြောင့် သုံးဦးသေ၊ ဒေသခံ ၅၀ ဦးခန့်ကို ဖမ်းဆီးရိုက်နှက်

အင်အား ၈၀ ဝန်းကျင်ရှိသည့် တပ်မ ( ၈၈ ) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၇၇) စစ်ကြောင်းအား ဗိုလ်မိုးကြိုးဦးဆောင်သည့် မြို့လှ K-PDF...

ကွတ်ခိုင်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် ယနေ့နံနက် ၉ နာရီခွဲခန့်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

ကွတ်ခိုင်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ယ‌နေ့မွန်းလွှဲ ၁ နာရီခန့်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာ – မန္တလေး လမ်းမကြီးတစ်နေရာတွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရသောကြောင့် ၆ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း မုံရွာ – မန္တလေးလမ်းမကြီးတစ်နေရာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယမန်နေ့ နံနက် ၁၁ နာရီခန့်က ဒရုန်းဖြင့် တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ကြောင်း...

အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်နက်ကြီး ၂၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ည ၈ နာရီခန့်တွင် လက်နက်ကြီး ၂၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သုံးရက်ကြာ ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးခန့်သေဆုံးပြီး စစ်ကားတစ်စီးပျက်စီး

စစ်ကောင်စီစစ်ကြောင်းနှင့် ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များကြား ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးခန့်သေဆုံးခဲ့ပြီး စစ်ကားတစ်စီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ဗန်းမော်တွင် ရေနစ်သေဆုံးခဲ့သည့် အမျိုးသားတစ်ဦး၏အလောင်းကို ပြန်တွေ့

ကချင်ပြည်နယ် ဗန်းမော်မြို့ ခွန်သာရပ်ကွက် ရေရှင်ဘုန်းကြီးကျောင်းအနောက်ဘက် တာပိန်မြစ်အတွင်း ရေနစ်သေဆုံးခဲ့သည့် ရုပ်အလောင်းတစ်လောင်းကို ယနေ့နံနက် ၉ နာရီခန့်က ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ ဦးသေဆုံးကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ (၅) နယ်မြေတွင် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ ဦးခန့်သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

မော်လိုက်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီသိမ်းဆည်း

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို ယမန်နေ့ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းသိမ်းဆည်းခံခဲ့ရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ်ပျောက်ဆုံးနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှစ်ဦး၏ အလောင်းများပြန်တွေ့

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေချိန် ပျောက်ဆုံးခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ နံနက် ၉ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။