Month: September 2022

ချီဖွေတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး လေးဦးသေ

ဝိုင်းမော် – ချီဖွေလမ်းပေါ်ရှိ လော့ဆာကျေးရွာအနီးတွင် ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက လက်နက်ကိုင်ဆောင်ခွင့်ပြုထားသော ရာအိမ်မှူး ပစ်သတ်ခံရ

ကချင်ပြည်နယ် မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်၏ ရာအိမ်မှူးဖြစ်သည့် အမျိုးသားတစ်ဦး ယနေ့နံနက် လေးနာရီခွဲခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းသိရသည်။

မြစ်ကြီးနား စ.ရ.ဖ ရုံးပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးကျည်ထိမှန်

မြစ်ကြီးနားမြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စ.ရ.ဖ) ရုံး ယနေ့နံနက်က ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အမျိုးသားတစ်ဦး သေနတ်ကျည်ဆံ ထိမှန်ခဲ့ကြောင်းသိရသည်။

တိုက်ပွဲတွင် အထိနာသည့် စစ်ကောင်စီစစ်ကြောင်းက ရွာမီးရှို့မည်ဟု ခြိမ်းခြောက်

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့်တိုက်ပွဲဖြစ်ပွားစဉ် အထိနာခဲ့သည့်စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့နယ် ဆွန်လုံကျေးရွာကို မီးရှို့ဖျက်ဆီးမည်ဟု ယနေ့နံနက်က ခြိမ်းခြောက်နေကြောင်းသိရသည်။

မြစ်ကြီးနားတွင် ဗုံးကွဲပြီး သေနတ်သံများထွက်ပေါ်

မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီခွဲခန့်က ပေါက်ကွဲသံနှစ်ချက်နှင့် သေနတ်သံများထွက်ပေါ်ခဲ့ပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီလေကြောင်းမှတိုက်ခိုက်

တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် ကွတ်ခိုင်မြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်စခန်းရှိရာအနီး ယမန်နေ့ မွန်းလွှဲ ၁ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၄၀ မမ ဗုံးသီးအပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

အရာတော်မြို့နယ် ကမ်းဖြူရွာမကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်း ယမန်နေ့ ည ၅ နာရီခန့်က တိုက်ခိုက်ခံရသောကြောင့် ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။...

စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေ

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်စီစာကျေးရွာရှိ ဈေးကုန်းတွင် ယနေ့ညနေ ၃ နာရီခန့်က စကားများရန်ဖြစ်ရာမှ ဓားခုတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသောကြောင့် ၃ ဦးသေဆုံးကာ သေနတ်တစ်လက်သိမ်းဆည်းရမိ

ဘောလခဲမြို့နယ် ဒေသအခေါ် ၁၂ မိုင်ကုန်းရှိ စစ်ကောင်စီစခန်းအနီးတွင် ယနေ့ နံနက် ၇ နာရီခန့်က အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ သေနတ် တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း...

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟိတ်ကျေးရွာတွင် ယမန်နေ့ ည ၈ နာရီခန့်က စစ်ကောင်စီတပ်ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ခဲ့သဖြင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

SNA စခန်း သုံးခုအတွက် ဒေသခံများကို ကတုတ်ကျင်းတူးခိုင်းပြီး စစ်ရှောင်လျှင် နေအိမ်မီးရှို့မည်ဟုခြိမ်းခြောက်

ဆယ်ဇင်းကျေးရွာအနီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) စခန်းသုံးခုအတွက် ဒေသခံများက ကတုတ်ကျင်းတူးဖော်ပေးနေရပြီး ဒေသခံများကိုလည်း စစ်ရှောင်တိမ်းခွင့်မပြုကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းကို ဝါရာဇွပ်ကျေးရွာအနီး ကေအိုင်အေတိုက်ခိုက်

စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ယနေ့ နံနက် ၈ နာရီခန့်က ဖားကန့်မြို့နယ် နောင်းမီကျေးရွာနှင့် ဝါရာဇွပ်ကျေးရွာကြားတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။