ကချင်ပြည်နယ် ဗန်းမော်မြို့ ခွန်သာရပ်ကွက် ရေရှင်ဘုန်းကြီးကျောင်းအနောက်ဘက် တာပိန်မြစ်အတွင်း ရေနစ်သေဆုံးခဲ့သည့် ရုပ်အလောင်းတစ်လောင်းကို ယနေ့နံနက် ၉ နာရီခန့်က ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားတစ်ဦး မြစ်ဆိပ်အတွင်းရေဆင်ချိုးရာမှ စက်တင်ဘာက ၄ ရက်နေ့က ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်တွင် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သုညသုခပရဟိတ အသင်းတာဝန်ရှိသူမှ The 74 Media ကိုပြောသည်။

“ရေဆင်းချိုးရင်းနဲ့ ရေနစ်သေဆုံးတာလို့သိရတယ် ဒီနေ့မော်တော်သမားတွေ တွေ့လို့ အကြောင်းကြားလာလို့ သွားသယ်ကူပေးလိုက်တာပါ” ဟုသူကပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုဟိန်းလွင်ဦးဆိုသူဖြစ်ပြီး ဧရာဝတီတိုင်းမှ ပြောင်းရွှေ့လာသည့် စောင်ရောင်းချသူဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မက်ခန္တီးဆိပ်တွင်လည်း လွန်ခဲ့သည့် ဩဂုတ်လ ၂၉ ရက်နေ့က ကလေးငယ်သုံးဦး ရေနစ်သေဆုံးခဲ့ပြီး တစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ