မိုးကုတ်မြို့မှ ​​ပြောက်ကျားသပိတ်စစ်​ကြောင်း ဖြိုခွင်းခံရ

မိုးကုတ်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်​ရေး ​ပြောက်ကျားသပိတ်စစ်​ကြောင်းသည် ယ​နေ့ ​နေ့လည် ၁၂နာရီဝန်းကျင်က ​​အောင်ချမ်းသာရပ်ကွက်အ​ရောက်တွင် ဖြိုခွင်းခံလိုက်ရ​ကြောင်းသိရသည်။

ဖားကန့်မြို့နယ် ဆိုင်း​တောင်ပြည်သူအချို့မှ NUG ကြိုဆိုထောက်ခံ​ခြင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်​​​ကြောင်း ဧပြီလ ၁၇ရက်နေ့ ည​နေပိုင်းက ဖ​ယောင်းတိုင်မီးများထွန်းကာ ကမ်ပိန်း ပြုလုပ်ခဲ့ကြသည်။