မိုးကုတ်မြို့မှ ​​ပြောက်ကျားသပိတ်စစ်​ကြောင်း ဖြိုခွင်းခံရ

မိုးကုတ်မြို့မှ စစ်အာဏာရှင်ဆန့်ကျင်​ရေး ​ပြောက်ကျားသပိတ်စစ်​ကြောင်းသည် ယ​နေ့ ​နေ့လည် ၁၂နာရီဝန်းကျင်က ​​အောင်ချမ်းသာရပ်ကွက်အ​ရောက်တွင် ဖြိုခွင်းခံလိုက်ရ​ကြောင်းသိရသည်။

မိုးကုတ်မြို့မှ ​​ပြောက်ကျားသပိတ်စစ်​ကြောင်း ဖြိုခွင်းခံရ

 

မွန်းလွဲ ၁နာရီအချိန်အထိ စစ်​​ကောင်စီတပ်ဖွဲ့ဝင်များက ​အောင်ချမ်းသာရပ်ကွက်အတွင်းရှိ ခံတပ်များအား လိုက်လံဖြို​နေ​ပြီး လျှပ်စစ်မီးကိုလည်း ဖြတ်​တောက်ထား​ကြောင်း ပြည်သူတစ်ဦးက The 74 Media ကို​ပြောသည်။
“အကာတွေဖြတ်ပြီး ရပ်ကွက်ထဲ ကားတွေ ဝင်သွားပြီဗျ။ ခံတပ်တွေလည်း တော်တော်များများ ပြိုသွားပြီ။ ​​အခု​လေးတင် အောင်ချမ်းသာစာသင်​ကျောင်းမှာ တပ်စွဲလိုက်ပြီလို့ သတင်းကြား​နေတယ်” ဟုဆိုသည်။
ယ​နေ့ ​ပြောက်ကျားသပိတ်စစ်​ကြောင်းတွင် ပစ်ခတ်ခံရသူနှင့် ဖမ်းဆီးခံရသူရှိ၊ မရှိကိုမူ မသိ​ရ​သေး​ကြောင်း သူကဆက်​​ပြောသည်။
မိုးကုတ်မြို့တွင် ဧပြီလ ၁၇ရက်​နေ့က စစ်​ကောင်စီတပ်၏ အကြမ်းဖက်ဖြိုခွင်းခဲ့​သော​ကြောင့် ပြည်သူ ၂ဦးကျဆုံးကာ၊ ၅ ဦး ဒဏ်ရာရရှိခဲ့​ကြောင်းသိရသည်။

Photo Courtesy by CJ

သင့်ထင်မြင်ချက်ရေးပေးပါ