Breaking News 47 Media

မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရုံးရှေ့ ယနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် အသံဗုံးပေါက်ကွဲသည်ဟု သိရသည်။

ရပ်ကွက်ရုံးရှေ့အနီးတဝိုက်တွင်ဗုံးကွဲခဲ့ခြင်းဖြစ်ပြီး အသံအလွန်ကျယ်လောင်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
“အသံအရမ်းကျယ်တာကြားလိုက်တယ်၊ ၇ နာရီ ၄၅ လောက်မှာ၊ တစ်ခါပဲ” ဟုပြောသည်။

အသံဗုံးကြောင့် ထိခိုက်ဒဏ်ရာရရှိသူရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ