ဗန်းမော်တွင် မြစ်ကမ်းနားရပ်ကွက်များတွင် ရေစတင်ဝင်ရောက်၊ ယနေ့ညပိုင်းတွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟုဆို
ဗန်းမော်မြို့ ဧရာဝတီမြစ်ကမ်းနားတစ်လျှောက်တွင် ရေစတင်ဝင်ရောက်နေပြီဖြစ်ပြီး စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် ၂၄ စင်တီမီတာ (၉ လက်မ) ခန့်သာလိုတော့ကြောင်း သိရသည်။
ရေဘေးကြောင့် မြစ်ကြီးနားမြိုတွင် ပိတ်မိနေသူအများအပြား ပြန်လည်လွတ်မြောက်
မြစ်ကြီးနားမြိုတွင် ယမန်နေ့နံနက်အစောပိုင်းမှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်လာသဖြင့် ရေကြီးရေလျှံမှုဖြစ်ခဲ့စဉ် နေရာအချိုတွင် ပိတ်မိနေသော ပြည်သူအများအပြား ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
ဖားကန့်တွင် ဥရုချောင်းရေမြင့်တက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်နေ
ဖားကန့်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်လာပြီး ယမန်နေ့မွန်လွှဲ ၁ နာရီခန့်မှစတင်ကာ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်းသိရသည်။
မြစ်ကြီးနားမြို့တွင် မြစ်ရေစံချိန်တင်မြင့်တက်ခဲ့ပြီး ရေအနည်းငယ်ပြန်ကျ
မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေမှာ ယမန်နေ့သန်းခေါင်ယံတွင် စံချိန်တင်မြင့်တက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရေအနည်းငယ်ပြန်ကျလာကြောင်း ဒေသခံများထံက သိရသည်။
ဗန်းမော်မြို့တွင် စိုးရိမ်ရေမှတ်ရောက်ရှိလာသဖြင့် ကြိုတင်ပြင်ဆင်ကြရန် မိုးဇလထုတ်ပြန်
ဗန်းမော်မြို့ ဧရာဝတီမြစ်ရေမှာ ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ်သို့ရောက်ရှိလာနိုင်သောကြောင့် မြေနိမ့်ပိုင်းရပ်ကွက်တွင်နေထိုင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပြည်သူ့ဆေးရုံတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ်တစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နှင့်အတူအလင်းဝင်ခဲ့ကြောင်း သိရသည်။
ရေဘေးဒဏ်ထပ်မံခံရသောကြောင့် ချီဖွေဒေသခံများ သောက်ရေနှင့်အစားအစာအကူအညီလိုအပ်နေ
ဒုတိယအကြိမ်ရေဘေးဒဏ် ထပ်မံကြုံတွေ့နေရသည့် ချီဖွေမြို့မှ စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် အစားအစာများ အရေပေါ်အကူအညီလိုအပ်နေကြောင်း သိရသည်။
ရာသီဥတုဆိုးဝါးနေပြီး ပြေးလမ်းရေဝပ်သဖြင့် မြစ်ကြီးနားလေဆိပ်မှ လေယာဉ်ခရီးစဉ်အားလုံးဖျက်သိမ်း
မြစ်ကြီးနားမြို့တွင် ရာသီဥတုအခြေအနေဆိုးရွားနေပြီး လေယာဉ်ပြေးလမ်းတွင်ရေဝင်နေသောကြောင့် ယနေ့အတွက် မြစ်ကြီးနားလေဆိပ်မှ လေကြောင်းခရီးစဉ်များ အားလုံးကိုပယ်ဖျက်လိုက်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်ထက် လေးပေကျော်လာပြီး ပိတ်မိနေသူများကို ကူညီရန်အကူအညီများလိုအပ်နေ
မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်လေးပေကျော်ရောက်ရှိလာပြီး ရေဝင်ရပ်ကွက်များတွင် ပြည်သူအချို့ပိတ်မိနေဆဲဖြစ်သဖြင့် ကယ်ဆယ်ရေးအကူအညီများလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
ရေကြီးပြီးမြေပြိုသဖြင့် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းအချို့ပျက်စီးသဖြင့် ကားအစီးရေ ၈၀ ခန့်ပိတ်မိနေ
ရေကြီးပြီးမြေပြိုသဖြင့် မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းတချို့ပျက်စီးပြီး လမ်းပိတ်နေသောကြောင့် ကုန်တင်ကားအစီးရေ ၈၀ ခန့် ပိတ်မိနေကြောင်း သိရသည်။
မြစ်ကြီးနားမြို့ရှိရပ်ကွက်အချို့တွင် ရေရေလွှမ်းမိုးမှုများဖြစ်ပေါ်၊ မြစ်ရေဆက်လက်မြင့်တက်နေပြီး အကူအညီလိုအပ်သူများပြား
နှစ်ပေါင်း ၂၀ တွင် ပထမဆုံးအကြိမ်အဖြစ် မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေဝင်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိကာ ကယ်ဆယ်ရေးများလုပ်ဆောင်နေသော်လည်း အရေးပေါ်အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
ဖားကန့်တွင် စက်သုံးဆီဈေးတစ်ဆခန့် မြင့်တက်၊ ဈေးတင်ပြီး မရောင်းရန်ဒေသခံများလိုလား
ဖားကန့်မြို့တွင် စက်သုံးဆီကို ယခင်ကထက် စျေးကြီးပေးဝယ်နေရပြီး အချို့ဆီပန့်ဆိုင်ကြီးများမှာ ပိတ်သွားပြီဖြစ်ကြောင်း သိရသည်။