News

စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေ၊ ၁၂ ဦးအရှင်မိဟုဆို

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့်ပူးပေါင်းတပ်တို့ ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် စီခမ်းကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးပြီး ၁၂ ဦးခန့်အရှင်ဖမ်းမိခဲ့ကြောင်း KIA သတင်းရင်းမြစ်များထံမှသိရသည်။

အင်းတော်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

အင်းတော်မြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ယနေ့မွန်းလွှဲ ၁၂ နာရီခန့်တွင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စီခမ်းကြီးတိုက်ပွဲတွင် KPDF တပ်ဖွဲ့ဝင်ခြောက်ဦးကျဆုံး

မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် KPDF တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးခဲ့ပြီး ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် ခြောက်ဦးသေဆုံး

မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူခြောက်ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံတစ်ဦးကို သတ်ဖြတ်၊ နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

ယင်းမာပင်မြို့နယ်၊ နဘူးတောကျေးရွာတွင် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ဒေသခံအမျိုးသားတစ်ဦးကို သတ်ဖြတ်သွားပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နှစ်ဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကျန်မိုင်းများကြောင့် နမ့်ဖတ်ကာဒေသခံအချို့ဒဏ်ရာရ၊ မိုင်းအသိပညာပေးရန် လိုအပ်နေ

တိုက်ပွဲကာလအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် မိုင်းများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ ဒေသခအချို့ဒဏ်ရာရရှိခဲ့ပြီး မိုင်းများရှင်းလင်းပေးရန်နှင့် မိုင်းအသိပညာပေးရန် လိုအပ်နေကြောင်း သိရသည်။

ဖားကန့်တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့၊ မူးယစ်ဆေးလွန် သေဆုံးခြင်းဖြစ်နိုင်သည်ဟုဆို

ဖားကန့်မြို့၊ လုံးခင်းကျေးရွာတွင် ယမန်နေ့နံနက် ၈ နာရီခန့်က ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်ရှိ စီခမ်းကြီးစစ်ကောင်စီစခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် ကချင်လွှတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မြေရှားသတ္တုတူးဖော်မှုကို ဆန့်ကျင်ကန့်ကွက်သည့် ဒေသခံအချို့ကို ပြန်လွတ်ပေး၊ ဦးဆောင်သူအချို့ကို ဆက်ဖမ်းထား

ချီဖွေမြို့နယ်၊ ဖရဲဒေသတွင် မြေရှားသတ္တုစမ်းသပ်တူးဖော်ရေးလုပ်ငန်း ရပ်ဆိုင်းရန် ကန့်ကွက်သောကြောင့် ဖမ်းဆီးထားသည့် ဒေသခံအချို့ကို KIO က ပြန်လွတ်ပေးခဲ့သော်လည်း ဦးဆောင်သူများကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က မိမိဖာသာစခန်းမီးရှို့ထွက်ပြေး

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုရှိ တပ်ဖွဲ့ဝင်များက ယနေ့ညနေ ၅ နာရီခွဲခန့်တွင် စခန်းကိုမီးရှို့ကာထွက်ပြေးသွားကြောင်း  ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားသည်။

ရှားတောမြို့နယ်တွင် စစ်ကောင်စီတပ်က စခန်းနှစ်ခုကို စွန့်ခွာထွက်ပြေး

ကရင်နီပြည်နယ်၊ သံလွင်မြစ်အရှေ့ဖက်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုမှ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

မြစ်ကြီးနားနှင့်မိုးညှင်းတွင် စစ်မှုမထမ်းမနေရဥပဒေထောက်ခံပွဲကို လုံခြုံရေးအပြည့်ဖြင့် ပြုလုပ်၊ နေ့စားများလည်း ပါဝင်သည်ဟုဆို

ကချင်ပြည်နယ်ရှိ မြို့ နှစ်ခုတွင် ယနေ့ နံနက်က ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က လုံခြုံရေးယူကာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။