ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုရှိ တပ်ဖွဲ့ဝင်များက ယနေ့ညနေ ၅ နာရီခွဲခန့်တွင် စခန်းကိုမီးရှို့ကာထွက်ပြေးသွားကြောင်း  ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားသည်။

ကဇုကိုင်းကျေးရွာအနီးရှိ “တောဟိန်းတောင်ဗျူဟာ တပ်စခန်း” မှ တပ်ဖွဲ့ဝင်များက မီးရှို့ထွက်ပြေးသွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ မီးတောက်လောင်နေဆဲဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုမှ စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့် မြို့နယ်သုံးခုသာ ကျန်ရှိတော့ကြောင်း သိရသည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ