ဖားကန့်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက နေအိမ် ၂၀ နီးပါးကို မီးရှို့ဖျက်ဆီး၊ ဒေသခံအချို့ကို ဖမ်းဆီးသွား
စစ်ကောင်စီစစ်ကြောင်းက ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာရှိ နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဘာသာရေးဆရာတစ်ဦးအပါအဝင် ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။